MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီးဆစ် ၀ိဇ္ဇာဇီဝက ပြောကြားခဲ့

b5_9_17_1 ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝတို့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံစဉ် Photo: AFP



ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝတို့သည် မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်က ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံမှုသည့် သီးသန့်အနေဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး  သတင်းထောက်များကို သတင်းရယူ မပြုခဲ့ပေ။ သို့သော် ဆွေးနွေးမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်
ဝိဇ္ဇာဇီဝက ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေသော ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီးဆစ်
အထူးသဖြင့် စီးပွားရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၌ စီးပွားရေးနှင့် ပတ်သက်သော ဥပဒေများ၊ ရင်းနှီးမြုပ်နှံမှု ဥပဒေများ ပေါ်ထွက်မှု အားနည်းနေခြင်းက ပြောင်းလဲမှုအတွက် လိုအပ်ချက်ဖြစ်နေသေးသည် အဘီးဆစ်က ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဘီးဆစ်တို့သည် မေလ ၃၁ ရက်နေ့တွင် တွေ့ဆုံရန် မူလက စီစဉ်ခဲ့ပြီးနောက် မေလ ၃၀ ရက်နေ့တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၁ရက်နေ့တွင် World Economic Forum on East Asia 2012 သို့ တက်ရောက်မည်ဖြစ်ပြီး ထိုညနေပိုင်းတွင် ပြုလုပ်မည့် ညစာစားပွဲ၌ ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်နှင့် တွေ့ဆုံမည်ဖြစ်ပါ သည်။ ထို့နောက် ဇွန်လ ၁ရက်နေ့တွင် World Economic Forum on East Asia 2012  ၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး မေလ ၂ရက်နေ့တွင် မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်မည်ဖြစ်ပါသည်။



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။