MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, May 26, 2012

အာဏာပိုင် ရဲများကို ပြန်တရားစွဲမဲ့ ဆန္ဒ ထုတ်ဖော်သူ ပြည်သူများ

ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်သူများကို ဖမ်းဆီး ခေါ်ဆောင်သွားသည့် အချုပ်ကား
၅.၅.၂၀၁၂ ရက်နေ့၌ ပြည်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီး ပုံမှန် ရရှိရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခွင့်ကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှုးထံသို့ ဥပဒေနှင့်အညီ စာတင်
တောင်းဆို ခဲ့ပါသည်။ ပုဒ်မ ၂၄ ဥပဒေ လုပ်ထုံးလုပ်နည်းများ ထွက်ရှိသည့်အတွက် ငြင်းပယ်ခြင်းကို ခံခဲ့ရပါသည်။ ၉.၅.၂၀၁၂ ရက်နေ့တွင် တိုင်းရဲတပ်ဖွဲ့မှုး ထံသို့ထပ်မံ တောင်းဆို ခဲ့ပါသည်။
၂၄.၅.၂၀၁၂ ရက်နေ့တွင် ဇော်ထွန်း (HRDP)၊ ကိုကျော်ဆွေ၊ ကိုအောင်မိုးကျော် (ခ) ကိုဖိုးဖြူ၊ ကိုသန်းဌေးအောင်၊ ကိုဝင်းလှိုင်နှင့် မဂျူးဂျူး (ခ) မဂျွန် အပါအဝင် စုစုပေါင်း ၆ ဦး ဖမ်းဆီးခြင်း

ခံခဲ့ရပါသည်။ ၂၄.၅.၂၀၁၂ ရက်နေ့ နံနက် ၉း၁၅ အချိန်တွင် စတင်၍ မြို့နယ် လျှပ်စစ်ရုံးရှေ့တွင် ငြိမ်းချမ်းစွာ စီးတန်းလှည့်လည် ဆန္ဒ ထုတ်ဖော် ခဲ့ပါသည်။ ထို့နောက် နံနက် ၉း၃၅ နာရီခန့်
လမ်းရှည်လမ်းနှင့် လက်သမားလမ်းထောင့်တွင် ရဲအယောက် ၅၀ က ဆက်လက် ဆန္ဒမပြရန် တားဆီး ခဲ့ပါသည်။ သို့သော် ပြည်သူလူထုများသည် ဆက်လက် ဆန္ဒပြ ခဲ့ပါသည်။ ၎င်းနေ့
၁၀း၃၅ အချိန်၌ လမ်းမတော်နှင့် ထွန်းသီရိရုံထောင့်တွင် အချုပ်ကားနှင့် ရဲအယောက်(၁၀၀)က ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်သူများကို အကြမ်းဘက် ဖမ်းဆီး ခဲ့ပါသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင် ရဲမှူးတို့ အမိန့်ပေး၍ ကိုဝင်းလှိုင်ကို ရဲ (၃) ယောက်က နံပါတ်တုတ်ဖြင့် ရိုက်၍ လက်တစ်ဖက်စီ ဆွဲမြှောက်ကာ အချုပ်ကားထဲသို့ ခွေးပစ် ဝက်ပစ်သလို ပစ်တင်
လိုက်ပါသည်။ ထိုသို့ ပြုလုပ်ခဲ့ခြင်းကြောင့် ကိုဝင်းလှိုင်မှာ ဦးခေါင်းနှင့် လက်၊ ကျောကုံး၊ အင်္ကျီတို့ဆုတ်ပြဲသွားပါသည်။ ထို့အပြင် ကိုကျော်ဆွေကို နံပါတ်တုတ်ဖြင့် ရိုက်သည့်အခါ ကိုဖိုးဖြူက
ကာကွယ်ပေးသဖြင့် ဒဏ်ရာများ ရရှိ ခဲ့ပါသည်။ ကိုဖိုးဖြူမှ အကြမ်းဖက် ရိုက်နှက်နေသော ရဲများကို အကြမ်းမဖက်ပါနှင့် မဖမ်းပါနှင့် အခြေခံ လူ့အခွင့်အရေး အပိုဒ် (၁၉)၊ အပိုဒ် (၂၀) အရ
ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဟု ပြောသောအခါ ရဲ (၅) ယောက်ခန့်က နံပါတ်တုတ်ဖြင့် ကိုဖိုးဖြူကို ဝိုင်းရိုက်ကာ လက်ထိတ်ခတ်ပြီး အချုပ်ကားထဲသို့ ခေါ်ဆောင် သွားပါသည်။အင်္ကျီ စုတ်ပြဲ၊ ဦးခေါင်း၊
ကျော၊ လည်ပင်းတို့တွင် ဒဏ်ရာများ ရရှိခဲ့ပါသည်။ ဇော်ထွန်း (HRDP)က ကိုကျော်ဆွေကို ဖမ်းဆီး ခေါ်ဆောင်သည့်အခါ ဘာကြောင့် ဖမ်းတာလဲ၊ မတရား မဖမ်းပါနှင့် ဒါဟာ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ အခန်း(၈) ပုဒ်မ(၃၅၄-က၊ခ)အရ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့အမြင့်ဆုံး ဥပဒေ ဖြစ်ပါတယ်။ တခြား ဥပဒေတွေဟာ ဖွဲ့စည်းပုံ
အခြေခံဥပဒေရဲ့အောက်တွင် ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တရားဥပဒေ စိုးမိုးရေး၊ တရားရုံး၏ လွတ်လပ်ခွင့်၊လူ့အခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေတွေ ပါရှိရပါမယ်။ ဒါမှ စစ်မှန်သော
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ရပါမယ်။ ပြည်သူရဲ့လုံခြုံရေး၊ ပြည်သူ့လုပ်ငန်း၊ ပြည်သူ့စီမံချက်၊ တပါးသူရဲ့ဂုဏ်သိက္ခာ၊ တပါးသူရဲ့အခွင့်အရေး၊ တပါးသူရဲ့ကျင့်ဝတ် မထိခိုက်လျှင် ငြိမ်းချမ်းစွာ
ဆန္ဒပြခွင့် ရှိတယ်ဆိုတာ လူ့အခွင့်အရေးမှာ ပါပါတယ်လို့ ပြောပါသည်။ ရဲများက ဇော်ထွန်း (HRDP)ကိုပါ ထပ်မံ ဖမ်းဆီး ခေါ်ဆောင် သွားပါသည်။ အချုပ် ကားထဲတွင် ဇော်ထွန်း (HRDP)၊
ကိုဝင်းလှိုင်၊ ကိုကျော်ဆွေ၊ ကိုဖိုးဖြူ (ခ) ကိုအောင်မိုးကျော်၊ ကိုသန်းဌေးအောင်၊ မဂျူးဂျူး (ခ) မဂျွန် စုစုပေါင်း (၆) ဦး ဖမ်းဆီးခံခဲ့ ရပါသည်။
ပြည်ထောင်သို့ နံနက် ၁၀း၄၅ နာရီတွင် ရောက်ရှိခဲ့ပါသည်။ ပြည်ထောင်ထဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်လေး၊
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်း နှင့် ဦးမျိုးအောင်၊ မင်းလှ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချို၊ မြို့နယ် ရဲမှူး၊ ခရိုင်
ရဲမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး ဦးအောင်ဇော်ထက်တို့နှင့် စကား ပြောခဲ့ပါသည်။ လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူတွေ မီးဒုက္ခ ခံရသလို လွှတ်တော် အမတ်တွေလဲ ခံရပါသည်
မိမိတို့ လွှတ်တော်ထဲတွင် တင်ပြနေကြောင်း၊ တင်သွင်းပြီး ပါပြီ။ ပြည်မြို့အတွက် (၅၀၀)KV ချပေးမည် ကျန်းမာရေးနှင့် ရေပေးဝေရေး ပြည်သူ့အတွက် ဘယ်လို စီစဉ်မယ်ဆိုတာ ဆွေးနွေးနေ
ပါတယ်လို့ ပြောပါတယ်။ အဖမ်းခံရသူများကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဥပဒေ ပုဒ်မ(၁၈)၊ ပ/၂၀၈ တရားစွဲဆို ထားပါတယ်။ ၎င်းတို့ကို လွှတ်တော် ကိုယ်စားလှယ်တွေက အာမခံပေးပြီး
နေ့လည်၂း၅၀ အချိန်တွင် ထောင်က လွှတ်ခဲ့ပါတယ်။ ပြည်သူလူထု ၁၀၀၀ ကျော်ခန့် ထောင်ဝတွင် ပြန်လည် လွတ်မြောက်လာသူ ဆန္ဒပြ အဖွဲ့ဝင်များကို လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာ
ကြိုဆို ခဲ့ပါတယ်။
ညနေ ၄း၄၅ အချိန်တွင် ပြည် အမှတ်(၂) ရဲစခန်းသို့ အမှုဖွင့်ရန် အတွက် သွားရောက် ခဲ့ပါတယ်။ အမှတ်(၂) ရဲစခန်း တာဝန်ခံ ဒုရဲအုပ် အောင်လင်းကျော်က အခင်းဖြစ်ပွားသည့် အပိုင်သည်
ပြည် အမှတ်(၁) ရဲစခန်းအပိုင် ဖြစ်၍ ပြည် အမှတ်(၁) ရဲစခန်း၌ အမှု ဖွင့်ခိုင်း ပါတယ်။ ညနေ ၄း၅၀ အချိန်တွင် ပြည် အမှတ်(၁) ရဲစခန်းသို့ ရောက်ရှိခဲ့ပြီး စခန်းမှူးထံ အမှု ဖွင့်ခဲ့ပါတယ်။ အမှု
ဖွင့်သူများမှာ ကိုဝင်းလှိုင်၊ ကိုဖိုးဖြူ (ခ) ကိုအောင်မိုးကျော်နှင့် ကိုကျော်ဆွေ၏ ဇနီး ဒေါ်မိကေး စုစုပေါင်း (၃) ယောက်က အမှု ဖွင့်ခဲ့ပါတယ်။
ကိုဝင်းလှိုင်မှ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲမှူးတို့ အမိန့်ပေး၍ ရဲ (၃) ယောက်က မိမိကို နံပါတ်တုတ်ဖြင့်ရိုက်၍ လက်တစ်ဖက်စီ မြှောက်ကာ ခွေးပစ် ၀က်ပစ်အကြမ်းဖက် အချုပ်ကားထဲသို့
ပစ်တင် လိုက်ပါသည်။ဦးခေါင်းနှင့်လက်၊ကျောကုံး အင်္ကျီဆုတ်ပြဲသွားပါသဖြင့် အမှုဖွင့် တိုင်ကြားပါတယ်။
ကိုဖိုးဖြူ (ခ) ကိုအောင်မိုးကျော်မှ ကိုကျော်ဆွေကို ရဲများက နံပါတ်တုတ်ဖြင့် ရိုက်သည့်အခါ မိမိမှ ကာကွယ်ပေးသဖြင့် ဒဏ်ရာ ရရှိခဲ့ပါသည်။ မိမိက အကြမ်းမဖက်ပါနှင့် မဖမ်းပါနှင့် အခြေခံ
လူ့အခွင့်အရေး အပိုဒ်(၁၉)၊ အပိုဒ်(၂၀) အရ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဟု ပြောသောအခါ ရဲ (၅) ယောက်ခန့်က နံပါတ်တုတ်ဖြင့် ဝိုင်းရိုက်ကာ လက်ထိတ်ခတ်ပြီး အကြမ်းဖက် အချုပ်ကားထဲသို့
ခေါ်ဆောင်၍အင်္ကျီစုတ်ပြဲ၊ ဦးခေါင်း၊ ကျော၊ လည်ပင်းတို့တွင် ဒဏ်ရာရရှိခဲ့သည်ကို အမှုဖွင့် တိုင်ကြား ခဲ့ပါတယ်။
ကိုကျော်ဆွေ၏ ဇနီး ဒေါ်မိကေးက မိမိကို (၂)ပွင့်နှင့် ရဲက နို့ကိုင်၍ ဆောင့်တွန်းလိုက်သဖြင့် နောက်ပြန် လဲကာ ခါး၊ ကျောကုံးနှင့် ခေါင်းတို့တွင် ဒဏ်ရာရှိသဖြင့် အမှုဖွင့် တိုင်ကြား ခဲ့ပါသည်။



Burma VJ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။