MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။
*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*
"MTS Online Radio"
မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။
မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။
Video Downloader Software
Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<
Wednesday, May 23, 2012
သာကေတ ကျုးကျော်တဲ့ ရပ်ကွက် ၃ ရက်အတွင်း အပြီးရွှေ့ ရမည်
သာကေတစက်မှုလက်မှုအမှတ်၄၃၆ ရပ်ကွက်ရှိ အိမ်ခြေသုံးရာကိုကျုးကျော် တဲရပ်ကွက် အဖြစ်သတ်မှတ် ကာသုံး ရက်  အတွင်းအဆိုပါနေရာမှအပြီးတိုင် ဖယ်ပေးရမည်ဟု သိရသည်။
မေ၁၈ရက်ပါ နေ့စွဲစာအမှတ်၂/၂-၄၅/ဦး၁ဖြင့်ကျူးကျော်တဲအဆောက် အဦးများဖျက်သိမ်း ပြောင်းရွှေ့ ရန် သာကေတ မြို့ နယ်အုပ်ချုပ်ရေးမှုးရုံးမှအကြောင်း ကြားခဲ့ကြောင်း၊ သုံးရက်အတွင်း အကြောင်း ကြားရ မည်ဖြစ်ကာ မပြောင်းရွှေ့ပါက ဘိုတူဇာ  ဖြင့်မြေအိမ်နေရာများကိုဖယ် ရှားပစ်မည်ဟု
အကြောင်း ကြားထား ကြောင်းယင်းက ထပ်မံပြောသည်။
ယင်းကဲ့ သို့တင်းအဓမပြောင်း ရွှေ့ ခိုင်းသည့်ကိစ္စကိုနိုင်ငံတော်သမတ၊အိုင် အယ်လ်အို ၊မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်၊  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့၊စည်ပင်ဌာန ၊ပြည်ထဲရေး ဝန်ကြီးဌာန၊  လုံခြုံရေး  နှင့်နယ်စပ်ရေးရာဝန်ကြီး၊ပြည်သူတွေ၏ တိုင်ကြားစာ နှင့်အသနား ခံစာဆိုင်ရာအမျိုးသားလွှတ်ကော်ကော်မ တီတို့သို့ အသီးသီး   တိုင်ကြားသွား မည် ဖြစ်သည်။
''အခုဆို လူပေါင်း၁၄၈ယောက်လောလောဆယ် လက်မှတ်ထိုးပြီးပြီ။ မေ၂၃ရက်မှာ တိုင်မှာ။ ကျွန်တော်တို့ကို  ယာယီအိမ်ထောင်စုစာရင်းနဲ့ရန်ကုန်တိုင်းတဝတက ခွင့်ပြုထား တာ အခုထိပဲ။  သာကေတမြို့နယ် အတွက် ဆန္ဒမဲနယ် မြေသတ်မှတ် ပေးတာ လည်း  ဒီနေရာပါတယ်။ မဲလည်း နှစ်ကြိမ် ထည့်ပြီးသွားပြီ။  ဘယ်သူကဒီနေရာကိုလာရွှေ့ ခိုင်းတာ လည်းလို့မေးတော့  သူတို့က မဖြေဘူး။''   ဟုအဆိုပါ  ရပ်ကွက်နေသူ အမျိုးသားတစ် ဦးကပြောသည်။ ယခုကိစ္စကို အမိန့်မရ  ဥပဒေအကြံပေး  ရောဘတ်စန်းအောင်က   ငြိမ်းချမ်း သည့်  နည်းလမ်းနှင့် အဖြေရှာ နိုင်ရေး   အတွက်ကူညီဆောင်ရွက်ပေးနေကြောင်းသိ ရသည်။
''ကျွန်မတို့ကအခုနဲ့ဆိုရင်နေရာပြောင်း ရွှေ့ မဲ့ကိစ္စဖစ်တာ၃ခါရှိပြီ။၂၀၀၈ကတစ်ခါ၊၂၀၀၉ကတခါ၊အခု တစ်ကြိမ်တော့ လာပြောတာတွေအရင်ထက် ကြမ်းတယ်။ ၃ရပ်အတွင်း ဘယ်လိုပြောင်းပြီး၊ ဘယ်သွားနေရမှာလဲ။ ဒီရပ်ကွက်မှာ နေတဲ့သူတွေ ဒီကိစ္စကြောင့် တော်တော်လေး ဒုက္ခရာက် နေကြတယ်။ အလုပ်သွားတာ တောင်မဖြောင့်ဘူး။ ဘယ်အချိန်အိမ်ကို   ဘိုတူဇာနဲ့လာထိုးပြီး အတင်း ဖယ်ခိုင်း မလဲဆိုတာကိုပဲစိုးရိမ် နေကြတယ်။''ဟုယင်းရပ်ကွက်နေ ဒေါ်တင်စိန်ဆိုသူ က ပြော သည်။
ရန်ကုန်တိုင်းမ်
No comments:
Post a Comment
တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။