MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

အသံနဲ့ပတ်သက်ပြီး ဘန်ကောက်မှာ ဆေးသွားစစ်နေရတဲ့ ချိုပြုံး

ချိုပြုံးက စည်သူဗိုလ်ကလေးတင့်အောင်ရဲ့ ပဒေသာကပွဲမှာ ဘဘဗိုလ်ကလေးတင့်အောင် ရေးထားတဲ့ မျက်ဝန်းလဲ့ပြာပြာသီချင်းကို သီဆိုပြီး ဂုဏ်ပြုခဲ့ပါတယ်။ အနုပညာရှင်တွေကို ရှိတဲ့အချိန်မှာပူဇော်တာ ပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ဆိုတဲ့ ချိုပြုံးက…
”အမှန်က အနုပညာရှင် သက်ကြီးတွေဆိုရင် ရှိတဲ့အချိန်မှာပူဇော်တာ ပိုအဓိပ္ပာယ်ရှိတယ်။ အရင်တုန်းကတော့ စိတ်ကူးတွေပဲ မရှိကြတာလား၊ ဒါမှမဟုတ်ရင် မမီဘဲမမီ လိုက်တာလားမသိဘူး။ သူတို့က သေပြီးမှ နှစ် ၁ဝဝ တို့ဘာတို့လုပ်ကြတယ်။ အဲဒီအခါကျတော့ ကာယကံရှင်တွေလည်း ဝမ်းမြောက်ခွင့်မရှိဘူး။ အခုကျတော့ ကာယကံရှင်ကိုယ် တိုင် ဝမ်းမြောက်ခွင့်ရှိတယ်” လို့ပြောပါတယ်။ 
ချိုပြုံးက သင်္ကြန်ပြီးကတည်းက ဇာတ်ကား တွေမရိုက်ဖြစ်ဘဲ တစ်လလောက်နားခဲ့ပါ တယ်။ နားနေတဲ့ အချိန်အတွင်းမှာလည်း ဘန်ကောက်ကို ကျန်းမာရေးအတွက် ဆေး စစ်မှုတွေသွားရောက်ပြုလုပ်ခဲ့ပါတယ်။ ချိုပြုံးက ဘန်ကောက်မှာ တစ်နှစ်တစ်ခါ ကျန်းမာရေးဆေး စစ်မှုတွေ လုပ်လေ့ရှိပါတယ်။ ကျန်းမာရေးစစ်ဆေးလိုက်တော့ ကိုလက်စထရော နည်းနည်းများပြီး သီချင်းတွေတအားဆိုတဲ့အတွက် အဆုတ်လည်း နည်း နည်းကြီးနေကြောင်း ပြောပြပါတယ်။ ဘန်ကောက်မှာ ဆေးစစ်ဖို့အတွက် ထပ်သွားရဦးမှာဖြစ်ပြီး ဘဘဗိုလ်ကလေးတင့်အောင်ပွဲမှာ သီချင်းဆိုရမှာဖြစ်တဲ့အတွက် မဖြစ်ဖြစ်အောင်ပြန်လာ တာဖြစ်ကြောင်း ချိုပြုံးကပြောပါတယ်။ အသံခဏခဏဝင်တဲ့အတွက် ဘန်ကောက်မှာပြသရကြောင်းကို ချိုပြုံးက ”အမေချို သီချင်းတွေ ဆိုဦးမှာ ပါ။ ဒါပေမဲ့ အခုအသံခဏခဏဝင် နေလို့ ကျန်းမာရေးဆေးစစ်တာလည်း ပါတယ်။ အစာအိမ်မှာ အချဉ်ပေါက်တယ်၊ အစာအိမ်က အက်စစ်ဓာတ်လေ။ ဒီအက်စစ်က အခိုးသွားရိုက်တဲ့အတွက် အသံဝင်တယ်လို့ ယူဆတယ်လို့ပြောတယ်။ အဲဒါကြောင့် အစာအိမ်ကိုပျောက်အောင် ကုရမယ်”လို့ ပြောပါတယ်။ ချိုပြုံးကအသံဝင်နေတဲ့ အတွက်ပွဲတိုင်းကိုတော့ လက်မခံဖြစ်ဘဲ မဖြစ်မနေဆိုရမယ့်ပွဲမှ လက်ခံဖြစ်ကြောင်း ပြောပါတယ်။ ချိုပြုံးက ပွဲတစ်ပွဲလုပ်ဖို့အစီအစဉ်ရှိပေမယ့် ကိုယ့်အသံကိုယ် မကြိုက်သေးတဲ့အတွက် မစီစဉ်သေးကြောင်းပြောပါတယ်။ ချိုပြုံးကိုချစ်ပြီး ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ပေးချင်တဲ့အတွက် ချိုပြုံးချစ်သူများဆိုပြီး ပွဲတစ်ပွဲစီစဉ်ကြ မှာဖြစ်ကြောင်း သိရပါတယ်။ ဒီပွဲလေးလုပ်ဖို့ အသံကောင်းမှဆိုလို့ရမှာ ဖြစ်တဲ့အတွက် ပရိသတ်ကြီးက အသံကောင်းဖို့သာ ဆုတောင်းပေးကြစေလိုကြောင်း ချိုပြုံးက ပြောပါတယ်။
ခိုင်ဝေလွင် 
popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။