MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

သပိတ်ကျင်းမှ နာမည်ကျော် ငါးသိုင်းငါး ကွယ်ပျောက်လုနီး

(ရန်ကုန်၊ မေ ၁၉)
သပိတ်ကျင်း မြို့နယ်၊ သာယာကုန်း ကျေးရွာရှိ ငါးသိုင်းအင်း ကြီးတွင် နာမည်ကျော် ငါးသိုင်း ငါးမျိုး သုဉ်းလု နီးပါးဖြစ်နေပြီဟု ဒေသခံ အချို့က ပြောသည်။
အဆိုပါ အင်းကြီးသည် ဧရာဝတီမြစ် အတွင်းတွင် တည်ရှိသော မြစ်ကျိုးအင်း ဖြစ်ပြီး ငါးသိုင်းငါး အများအပြား ရရှိသော ကြောင့် ငါးသိုင်းအင်း ဟုခေါ် ဆို ခြင်းဖြစ်ကြောင်း၊ အဆိုပါ အင်း ကြီးတွင် ယခင်က ငါး ပိဿာ ချိန် ထောင်ချီ၊ သောင်းချီ ထွက် နေရာမှ ယခု ၄/၅ နှစ်တာ ကာလအတွင်း ပိဿာချိန် ၄ဝဝ၊ ၅ဝဝ ပင် ဖမ်းမိရန် မလွယ်တော့ သည့်အပြင် ၄င်းအင်း၏ အထင် ကရဖြစ်သော ငါးသိုင်းငါးများပင် လျှင် မရရှိတော့ကြောင်း သပိတ်ကျင်း မြို့နယ်နှင့် ဆက်လျက်ရှိ သော ထီးချိုင့် နယ်သား
ဦးကိုကို ကျော်က ပြောသည်။
”ဒီအင်းကြီးက သပိတ်ကျင်း မြို့နယ်ရဲ့ အကြီးဆုံးနဲ့ အကောင်းဆုံး အင်းကြီးပါ။ အဲဒီအင်းက ထွက်တဲ့ ငါးသိုင်းက ဒေသခံငါးတွေထဲမှာ ကျော်ကြားတဲ့ငါးပါ။ အရ သာရော ဘာရော အကောင်းဆုံး ငါးပါ။ အခု မျိုးသုဉ်းလု နီးပါး ဖြစ်နေပါပြီ။ တစ်ကောင်တလေတောင် ကြုံမှပဲ စားရတော့တယ်” ဟု ဦးကိုကိုကျော် က ဆက်လက်ပြော သည်။
ထို့အပြင် သပိတ်ကျင်းမြို့နယ် နှင့် ထီးချိုင့်မြို့နယ် ပတ်ဝန်းကျင် ဧရာဝတီမြစ်ရိုး တစ်လျှောက်တွင် ယခင်ကာလများက ငါး၊ ပုစွန် ပေါ များစွာ ရရှိပြီး ပုစွန်တုပ်များ ကို ရေ ဆင်း ငုပ်ရုံဖြင့်ရကြောင်း ဦးကိုကို ကျော်က ပြောသည်။
”ဆောင်းရာသီ ရောက်ရင် ပုစွန်တုပ်က နွေးတဲ့နေရာ လိုက်နေ တော့ ကျွန်တော် တို့က ကမ်းပါး အောက်ခြေတွေမှာ ကျင်းလေးတွေ တူးထားလိုက်ရင် ပုစွန်တုပ်က အဲဒီ ကျင်းထဲ လာခိုကြတယ်။ အဲဒီအခါ ကျွန်တော်တို့က ရေငုပ်ဖမ်း လိုက် တာနဲ့ ရပြီ။ အဲဒီတုန်းက တစ်နေ့ကို ၃/၄ ကောင်ကတော့ အသာလေး ရတယ်။ အခုဆိုရင် မျိုးတုံး သွားပြီ လားမသိဘူး။ မရတော့ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။
ထိုကဲ့သို့ အဖြစ်အပျက် များသည် သပိတ်ကျင်းအင်းနှင့် အထက် ဘက် ၆ မိုင်ခန့် အကွာရှိ ထီးချိုင့် မြို့နယ် အတွင်း ဧရာဝတီမြစ်ကမ်း ပေါ်၌ သကြားစက် တည် ဆောက်ပြီး နောက်ပိုင်းတွင် ဖြစ် ပေါ်နေခြင်း ဖြစ်သည်ဟု ဒေသခံ များကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဓာတုဗေဒ ကျွမ်းကျင်သူ ဒေါက်တာ ခင်မောင်ညိုက ”သကြားစက်တွေက အရောင်ချွတ်တဲ့နေရာမှာ ဆာလဖာဒိုင်အောက် ဆိုက်ကို သုံးကြတယ်။ အဲဒီ ဆာလဖာဒိုင်အောက်ဆိုက် တွေက မြစ်ထဲရောက် သွားရင် ရေရဲ့ စံအဆင့်တွေ လျော့ကျသွားပြီး ငါးတွေ ဆက်မနေနိုင်တော့ ဘဲ နေရာ ပြောင်းရွှေ့ ရတာတွေ၊ တချို့ သေဆုံးပြီး မျိုးတုံးပျောက် ကွယ် သွားတာတွေ ဖြစ်နိုင်ပါတယ်” ဟုပြောသည်။
မင်းချစ်နိုင်          



ဧရာဝတီ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။