MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

သင်ဇာဝင့်ကျော်ဂိုးဖမ်းပြီး ဒါရိုက်တာဝင်းထွန်းထွန်း၊ သူထူးစံ၊နေမင်းတို့ ပါဝင်တဲ့ ဘောလုံးအသင်းက ပြင်ဦးလွင်မြို့ခံဘောလုံး အသင်းကို ၇ဂိုး၊၄ဂိုးနဲ့အနိုင်ရရှိ

ပြင်ဦးလွင်မြို့ကို ရိုက်ကူးရေးရောက်နေတဲ့ ဒါရိုက်တာဝင်းထွန်းထွန်း၊ သူထူးစံ၊နေမင်း၊ သင်ဇာ ဝင့်ကျော်တို့ပါဝင်တဲ့ ရုပ်ရှင်အဖွဲ့သားဘောလုံးအသင်း နဲ့ပြင်ဦးလွင်မြို့ခံ   ဘောလုံး အသင်းတို့ ခြေစမ်းပွဲကို မေလ၂၂ရက်၊ညနေ ၄နာရီခွဲက ပြင်ဦးလွင်ခရိုင် အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ ပရိသတ်တွေကို ကြေညာထားခြင်းမရှိပေမယ့် ပရိသတ်တချို့ လာရောက်လာအားပေးကြတာလည်း တွေ့ရပါတယ်။ Actor Star ဘောလုံးအသင်းသားတွေ အများစု
ပါဝင်တဲ့ ရုပ်ရှင်အဖွဲ့သားဘောလုံး အသင်း ကိုတော့ သူထူးစံက “မကန်ရရင် မနေနိုင်ပေါင်” ဘောလုံး အသင်းလို့ အမည်ပေးပါတယ်။ ရုပ်ရှင်အဖွဲ့ဘောလုံး အသင်းမှာတော့ ထူးထူးခြားခြား သင်ဇာဝင့်ကျော် က ဂိုးသမားအဖြစ် ပါဝင်ခဲ့တာပါ။ သူဟိုးအရင်နှစ်တွေ တုန်းက ဘောလုံးမကန်ဖြစ်ဘဲ ဒီတစ်ခေါက်မှာတော့ ဒါရိုက်တာဝင်းထွန်းထွန်းတို့ ခေါ်တာနဲ့ ကျန်းမာရေး အရ ဝင်ကန်   ဖြစ်တာလို့ပြောပြီး ပြီးခဲ့တဲ့အပတ်ကန် တုန်းကတော့ ဒူးပွန်းခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ပရိသတ်တွေကတော့ ရုပ်ရှင်အဖွဲ့သားဘောလုံး အသင်းကိုပဲ အားပေး ခဲ့ကြပါ တယ်။ သူထူးစံ၊နေမင်း၊ သင်ဇာဝင့်ကျော်တို့ကို အထူးအားပေးခဲ့ ကြပြီး၊ မင်းသားတွေကို တစ်ဖက်အသင်းကထိရင် အမျိုးသမီးပရိသတ် တွေက တစ်ဖက် အသင်းသား   တွေကိုလည်း မကြားတကြား ရန်ထောင် ကြတာလည်းတွေ့ခဲ့ရပါတယ်။ “မကန်ရမနေနိုင်ပေါင်” ရုပ်ရှင်အဖွဲ့သား ဘောလုံးအသင်းနဲ့ ပြင်ဦးလွင်မြို့ခံအသင်းတို့ပွဲမို့ ၇ဂိုး၊ ၄ဂိုးနဲ့ရုပ် ရှင်အဖွဲ့က အနိုင်ရရှိခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ သူထူးစံ၃ဂိုး၊ ဒါရိုက် တာဝင်းထွန်းထွန်း၂ဂိုးနဲ့နေမင်းက ၁ဂိုးသွင်းယူခဲ့ကြတာပါ။ ရုပ်ရှင် အသင်းမှာ   ပြင်ဦးလွင်   ရောက်နေတဲ့ မြန်မာ့လက်ရွေးစင်ဟောင်း သန်းတိုးအောင်လာကန်မယ်လို့ သတင်း ထွက်ခဲ့ပေမယ့်လည်း သန်းတိုးအောင်က လားရှိုးခရီး ဆက်သွား တာကြောင့် မလာဖြစ်ခဲ့ပါဘူးလို့သိရပါတယ်။
နေကွန်းထင်
popular myanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။