MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

လျှပ်စစ်မီးရရှိရန် ဆူးလေဘုရားရှေ့မှာ ယနေ့ည ဆန္ဒပြမည်


ယခုညနေ ပြုလုပ်မည့် ဆန္ဒပြရာတွင် ပါဝင်ကြမည့်သူများမှာ ဒီမိုကရက်တစ်အင်အားစုများဖြစ်သည့် အလုပ်သအမားအဖွဲ့အစည်းများ ၊ကျောင်းသား အဖွဲ့အစည်းများ၊ လယ်သမားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအကျဉ်းသား အရေးဆောင် ရွက် နေသည့် အဖွဲ့အစည်းများ အပါအ၀င် ပြည်သူလူထုများလည်း ပါဝင်မည်ဟု ၎င်းကYPI သို့ပြောသည်။ “ကျွန်တော်တို့ဒီမိုကရက်တစ်အင်အားစုတွေ အပါအ၀င် လျှပ်စစ်မီးရရှိဖို့ အတွက်လိုလား တဲ့ပြည်သူတွေအပါ စုစုပေါင်း လူအယောက် ၈၀ နဲ့ ၁၀၀ လောက်ရရင်စလှုပ်ရှားမယ်။ အင်အား ၁၀၀ ကျော်ချင်လည်း ကျော်သွားနိုင်တယ်” ဟု ကိုဟန်ဝင်းအောင်က ပြောသည်။

အစီအစဉ်မှာ ယနေ့ညနေ ၆နာရီခွဲအချိန် ဆူးလေဘုရားရှေ့တွင်လူစုကြမည်ဖြစ်ပြီး ၇ နာရီတွင်ဖယောင်း တိုင်မီးထွန်းညှိ၍ အသံတိတ် ငြိမ်းချမ်းစွာဆန္ဒပြကြပြီး နောက် ဆူးလေဘုရားပေါ်သို့ တက်ရောက်ဆု တောင်းပြီး လူစုခွဲကြမည် ဖြစ်သည်။

“အခုလှုပ်ရှားမှုက ကျွန်တော်တို့ ဒီမိုကရက်တစ် အင်အားစုတွေ ပါပေမဲ့ နိုင်ငံရေးလှုပ်ရှားမှု အနေနဲ့လုပ်တာ မဟုတ်ပါဘူး ဒါကိုလည်း အဖွဲ့ဝင်အားလုံး သဘောတူထားတယ် အဓိကက လူထုလိုအပ်ချက် အတွက်လုပ်တဲ့ လှုပ်ရှားမှုပဲ”ဟု ကိုဟန်ဝင်းအောင်ကဆိုသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မန္တလေး၊ မုံရွာ စသည့် မြို့များတွင်လည်း လျှပ်စစ်မီး ရရှိရန်အတွက် ဖယောင်းတိုင်မီးထွန်း၍ ငြိမ်းချမ်းစွာဆန္ဒပြကြသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းဖြန့်ဝေခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ပြည်လူထုသို့မေတ္တာ ရပ်ခံပန်ကြားခြင်း ဆိုသည့် ခေါင်းစဉ်ဖြင့် ပန်ကြားချက် တရပ်ဖေါ်ပြထားရာတွင်

“ မြန်မာနိုင်ငံမှာ ရေအား၊ကျော်မီးသွေးနှင့်စက်ရုံပေါင်း၍ နွေရာသီတွင် ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏမှာ ၁၃၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး သုံးစွဲမှုပမာဏမှာ ၁၈၅၀ မဂ္ဂါဝပ်ရှိသဖြင့် အများပြည်သူနှင့် စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းများအား ဓာတ်အားလုံလောက်စွာဖြန့်ဖြူးပးနိုင်ခြင်းမရှိတော့၍ သုံးအုပ်စုခွဲကာ အုပ်စုလိုက် အလှည့်ကျဓာတ်အားပေးခြင်းကို ဆောင်ရွက်ခဲ့ရပါသည်။
ထိုသို့ဆောင်ရွက်နေစဉ် ယခုလ ၁၉ ရက်နေ့တွင် ရွှေလီ-မန်စံ ၂၃၀ ကေဗွီဓာတ်အားလိုင်းဧ။်တိုင်အမှတ် (၇၃၊၂၀၆၊၂၀၇နှင့် ၂၀၈) တိုင်လေးတိုင်တို့မှာ မိုင်ခွဲအချိုးခံရသောကြောင့်ဓာတ်အားပမာဏ ၂၀၀မဂ္ဂါဝပ် မှာလျော့နည်းဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ယခုနွေရာသီတွင် ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စု သုံးစုခွဲ၍ အလှည့်ကျ ဓာတ်အား မျှပေးနေရသော အခြေအနေကို နားလည်ပေးပါရန်နှင့် ပြည်သူအားလုံး လျှပ်စစ်ဓာတ်အား ချှေတာသုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ပေးပါရန် အထူးမေတ္တာ ရပ်ခံပန်ကြားအပ်ပါသည် ” ဟု ဖေါ်ပြပါရှိသည်။

ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးက “ မီးက ဘယ်အချိန်လာမယ် ဘယ်အချိန်ပျက်မယ်ဆိုတာ တွက်မရတာ ခက်တယ်၊ နာရီဝက်တခါ တနာရီတခါ လာလိုက်ပျက်လိုက် ဖြစ်နေတာက ခက်နေတာ” ဟု လက်ရှိရန်ကုန်မြို့တွင် ကြုံတွေ့နေရသည့် အခြေအနေကို ပြောပြသည်။ ။


မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ်၊ ဟံသာ (YPI )

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။