MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၏ လုပ်ဆောင်ချက်များကို ကြော်ငြာဘုတ်များဖြင့် အသိပေး


Share
အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အမှုဆောင်အဖွဲ့ သစ်တွေနဲ့လုပ်ဆောင်ချက်များ၊ တာဝန် များနှင့်သတင်းထုတ်ပြန်ချက်များကို ရုပ်ရှင်လောကသား များ အလွယ်တကူ သိရှိနိုင်စေရန်အတွက် ၃၅လမ်း၊ ၃၆ လမ်းက ဗီဒီယိုထုတ်လုပ်ရေးများ၊ မြခွာညို၊သီရိဂုဏ်မှ ရိုက်ကွင်းအိမ်များမှာ ကပ်ထားတာတွေ့ရှိ ရပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အမှုဆောင်များ နေ့စဉ်တာဝန်ကျဇယားနဲ့ ဆင်ဆာမဲ့ ကားများအတွက်နေ့စဉ်တာဝန်ကျဇယားနဲ့ ဆင်ဆာမဲ့ကားများ ဖမ်းဆီးအရေးယူတဲ့ သတင်းတွေကပ်ထားသလို၊ ရုပ်ရှင် အစည်းအရုံးဝင်များ၏ ၂ဝ၁၂/၂ဝ၁၃ ခုနှစ်ပညာသင်စရိတ် ထောက်ပံ့ကြေးများ ထုတ်ပေးမည်ဖြစ်ကြောင်း လည်း ကပ်ထားတာတွေ့ရပါတယ်။မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ဆောင်ချက် တွေကို အခုလို ပွင့်ပွင့်လင်းလင်း ကပ်ထားလာတဲ့အပေါ် ဒုတိယ ဥက္ကဋ္ဌလူမင်းက ”ကျွန်တော်တို့ ဖြစ်စေချင်တာအဲဒါပဲလေ။ ဒီမိုကရေစီပုံစံမျိုးပေါ့။အစိုးရက ဘာပဲလုပ်လုပ်ပြည်သူတွေ သိခွင့်ရှိတယ်ဆိုတာလိုပေါ့။ ကိုယ်တို့ လောကသားတွေက ကိုယ်တို့ ဘာလုပ်လုပ်၊ ဘာဆုံးဖြတ်ဆုံးဖြတ်၊ အကုန်သိနေရမယ်။ မသိလိုက်ဘူး ဆိုတာမရှိရဘူး။ အဲဒီလို သဘောမျိုးဖြစ်အောင် လုပ်တာပါ”လို့ ပြောပါတယ်။ ဒီကိစ္စ နဲ့ပတ်သက် ပြီး ရုပ်ရှင်အစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးအေးကြူလေးကလည်း ”ကျွန်တော်တို့၆နေရာလောက်မှာ ဘုတ်နဲ့ကပ်ထားပေးပါတယ်။ အစည်းအရုံးမှာလည်း ဝှိုက်ဘုတ်ပေါ်မှာ ကပ်ထားပေးပါ တယ်။ကျွန်တော်တို့အဖွဲ့က ပွင့်ပွင့်လင်းလင်း ရှိချင်တယ်ဆိုတော့ ဆပ်ကော်မတီအဖွဲ့ကလည်း ဆပ်ကော်မတီတွေအကုန်လုံး စာရင်း ကိုကပ်တယ်။ အခြေခံ အဖွဲ့၁ဝဖွဲ့ ဆိုရင် အရင်တုန်းက ရွေးလိုက်တာလူတွေ မပြည့်ဘူး။ ထပ်ဖွဲ့တော့ ၁ဝ ယောက်ပြည့်အောင် ၁ဝယောက်လုံး အကုန်လုံးထည့်ပြီး ဘုတ်မှာကပ်ပေးထားတယ်။ ဘယ်သူ တွေ က ဘယ်အဖွဲ့ဆိုပြီး သိအောင်ပါ။ အဓိက ရည်ရွယ်ချက်က ရုပ်ရှင်လောကသားတွေ ရုပ်ရှင်အစည်းအရုံးရဲ့ သတင်းကို မှန်မှန် ကန်ကန်သိအောင်လို့ ကပ်ထားပေးတာပါ။ ပွင့်ပွင့်လင်းလင်း ရှိတယ်ဆိုတာလည်း သိအောင်ပါ။ ထိန်ဝှက်ထားတာလည်းမရှိဘူး”လို့ ပြောပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ သတင်းထုတ်ပြန်တိုင်း  စာရွက်များကို လာရောက်ကပ်ထားလေ့ရှိကြောင်း သိရပါတယ်။



popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။