MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ဆန္ဒထုတ်ဖော်ပွဲများ ပျံ့နှံ့လာ

2012-05-22
လျှပ်စစ်မီး (၂၄) နာရီ ရရှိရေးအတွက် ဒီကနေ့ ရန်ကုန်နဲ့ ပဲခူးမြို့တွေမှာလည်း ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေကြပါတယ်။ ရန်ကုန်မြို့က ဆန္ဒထုတ်ဖော်ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေ၊ ကွန်ယက်အဖွဲ့ဝင်တွေ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အဖွဲ့ဝင်တွေ ပါဝင်မှာဖြစ်သလို အဖွဲ့အစည်းဝင် မဟုတ်သူတွေလည်း ပါဝင်ဖွယ်ရှိတယ်လို့ ဆော်သြသူတွေက ပြောပါတယ်။

AFP
ရန်ကုန်မြို့တွင် လျှပ်စစ် ဂျင်နရေတာကို စက်နှိုးနေသော ကလေးတဦး ဖြစ်ပါသည်။ မြန်မာ တပြည်လုံး
လျှပ်စစ်ဓာတ် အကြီးအကျယ် လိုအပ်နေသော်လည်း ထွက်သမျှ သဘာဝဓာတ်ငွေ့ကို တခြားနိုင်ငံများသို့ ရောင်းချနေခြင်းမှာ ပြည်သူလူထု မကျေနပ်စရာ အချက်တခု ဖြစ်ပါသည်။
ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့ ဆူလေဘုရားအနီး ညပိုင်း (၇) နာရီလောက်မှာ စတင်မယ်လို့ သိရပါတယ်။ နိုင်ငံရေး အကျဉ်းသားမိသားစု ကွန်ယက်အဖွဲ့ဝင် ကိုအောင်ဇော်ထွန်းက အစီအစဉ်ကို ပြောပြပါတယ်။
" ဆူးလေဘုရားလမ်းမကြီးမှာရှိတဲ့ ဆူးလေဘုရား မှတ်တိုင်ပေါ့နော်၊ အဲနားလေးမှာ ကျွန်တော်တို့ လူစုကြမယ်။ ညနေ ၆ နာရီခွဲလောက်မှာ။ ပြီးတဲ့အခါမှာ ၇ နာရီထိုးတဲ့အခါမှာ ကျွန်တော်တို့ ဝေငှထားတဲ့ ဖယောင်းတိုင်တွေကို ထွန်းညှိပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စီတန်းပြီးပတ်မယ်။ ပတ်ပြီးတော့ ဘုရားပေါ်မှာ တက်မယ်။ ပြီးရင် ကျွန်တော်တို့ လူစုခွဲပါမယ်"
အလားတူ ပဲခူးမြို့ မြို့နယ်လျှပ်စစ်ရုံးရှေ့မှာလည်း ည ( ၇) နာရီခွဲမှာ လူစုကြမယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။ မြန်မာစံတော်ချိန် ညနေ (၅) နာရီလောက်ကတော့ ပဲခူးမြို့လူစည်ကားတဲ့နေရာ (၃) နေရာမှာ ရဲတပ်ဖွဲ့ တွေ နေရာယူထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မြို့နယ်လျှပ်စစ်ရုံးရှေ့က အခြေအနေကိုတော့ မြို့ခံတစ်ယောက်က အခုလိုပြောပါတယ်။
" ကျွန်တော်မြင်နေရတာကတော့ အကုန်လုံး ယူနီဖောင်းတွေဝတ်တဲ့ ရဲတွေအကုန်လုံး အဆင်သင့်ရှိနေကြတယ်။ သုံးနေရာလုံးမှာလေ။ လူတွေကလည်း စောင့်ကြည့်နေတယ်ဗျ။ ဆန္ဒပြဖို့လို့ထင်ရတဲ့ ပုဂ္ဂိုလ်များကလည်း အဲဒီမှာ အယောက် ၄၀၊ ၅၀ လောက် စောင့်နေကြတယ်။ ဈေးထဲပေါ့။ ကျွန်တော်တို့ ပဲခူးဈေးကြီး သွန်းဘုရားအနီးပေါ့ဗျာ။ မြို့နယ်လျှပ်စစ်ရုံးဆိုတာရှိတယ်။ အဲဒီမှာ ဒေါ်ရီစားသောက်ဆိုင်ဆိုတာရှိတယ်။ အဲဒီမှာ အယောက် ၂၀ လောက်ရှိတယ်။ ဒီဘက်မှာ သွန်းဘုရားထဲမှာလည်း ရှိကြတယ်ဗျ။ အဲဒီမှာ သူတို့ ဖယောင်းတိုင်လေးတွေ ကိုင်ထားတာ ကျွန်တော်တွေ့နေရတယ်"
အလားတူ ဒီကနေ့ ညပိုင်းမှာ ပြည်မြို့မှာလည်း ဆန္ဒဖော်ထုတ်ပွဲကျင်းပကြဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
လျှပ်စစ်မီး ပုံမှန်မရတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်အတွင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ အိမ်ရှင်မတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပြီးတဲ့နောက် မန္တလေးနဲ့ မုံရွာမြို့တွေမှာ ဆန္ဒထုတ်ဖော် ပြသခဲ့ကြသလို အောက်မြန်မာပြည်မြို့တွေမှာ ဆက်တိုက် လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။
နောက်ဆုံးရရှိတဲ့ သတင်းအရ ပဲခူးမြို့မှာ လုံခြုံရေး အထူးတင်းကြပ်ထားတာကြောင့် ဆန္ဒထုတ်ဖော်ပွဲ မကျင်းပဖြစ်ခဲ့ဘူးလို့ သိရပါတယ်။


 RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။