MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကြိုးဆွဲချ သေဆုံးမှု တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွား

အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ် တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်တွင် မေလ ၂၇ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ် အချိန်တိုက်ကြီးမြို့နယ် ရေတွင်းကုန်း ကျေးရွာအုပ်စု၊ မြွေဟောက်အင်း ကျေးရွာတွင် လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မ....(၁၁)နှစ်၊ မှီခို၊ မြွေဟောက် အင်းကျေးရွာ၊ တိုက်ကြီးမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ညနေ ၄ နာရီအချိန် ခြံချင်းကပ်လျက်ရှိ လူမနေသည့် အိမ်အတက်အဆင်းတွင် အမြင့် ၆ ပေခန့်ရှိ ထုပ်တန်း၌ မိန်းမ၀တ် အင်္ကျီအား လည်ပင်းတွင်ပတ်လျက် အရှည် ၇ ပေ ၆ လက်မ၊ လုံးပတ် လက်သန်းဝက်ခန့်ရှိ နှစ်ပင်လိမ်ကြိုး အား ကွင်းလျောချည်ကာ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရသည်။
ကြိုးဆွဲချသေဆုံးသည့် လက္ခဏာများမှလွဲ၍ ကျန်ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ဥက္ကံဆေးရုံသို့ ပို့အပ်ပြီး
ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ဥက္ကံ ရဲစခန်း သေမှု သေခင်းအမှတ်စဉ် ၃/၂၀၁၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အမြင့် ၆ ပေခန့်ရှိ ထုပ်တန်း၌ မိန်းမ၀တ်အင်္ကျီအား လည်ပင်း တွင်ပတ်လျက် အရှည် ၇ ပေ ၆ လက်မ၊ လုံးပတ်လက်သန်း ၀က်ခန့်ရှိ နှစ်ပင်လိမ်ကြိုးအား ကွင်းလျောချည်ကာ ကြိုးဆွဲချသေ ဆုံးနေသည်ကို တွေ့ရှိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှုစစ် ဥက္ကံရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်အောင်မင်းက ''သေသွားတဲ့ ကောင်မလေးရဲ့အထက်မှာ ညီအစ်ကိုမောင်နှမ ခြောက်ယောက်ရှိတယ်။ စတုတ္ထမြောက် အစ်မဖြစ်သူရဲ့ တစ်လသားသမီးလေးကို သူ့ရဲ့ အမေကသူ့ထက် ပိုချစ်နေတယ်လို့ ထင်နေတာက တစ်ကြောင်း၊ ကျောင်းတက်ဖို့အတွက် သူ့ရဲ့အမေကို ကျောင်းဝတ်စုံနဲ့ ဖိနပ်ဝယ်ခိုင်းတော့ ငွေကြေးအဆင်မပြေလို့ ကျောင်းဝတ်စုံကိုပဲ ၀ယ်ပေးနိုင်ခဲ့တဲ့ အချက်ကတစ်ကြောင်း၊ သေဆုံးသူက စိတ်မချမ်းသာဖြစ်နေတဲ့သူ့ရဲ့ ကိစ္စတွေကို အပြင်လူတွေကို ထုတ်ဖော်မပြောဘဲ မိမိတစ်ဦးတည်း ကြိတ်မှိတ်တဲ့အခါ စိတ်ဖိစီးမှု များပြားလွန်းတဲ့အတွက်ကြောင့် တစ်ကြောင်း၊ သူက အငယ်ဆုံးသမီးဖြစ်တဲ့အတွက် အားလုံးရဲ့ အလိုလိုက်ထားတဲ့အခါမှာ သူစိတ် အလိုမကျတဲ့အချိန်တွေမှာ ဘယ်သူနဲ့မှ စကားပြောလေ့မရှိဘဲ စိတ်ကြီး တတ်တဲ့အကျင့် ရှိတဲ့အကြောင်း အရာတွေက သူ့ကိုယ်သူ သတ်သေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နိုင်တယ်လို့ စစ်ဆေးတွေ့ရှိရတယ်''ဟု သေဆုံးသွားသည်နှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့ပါသည်။

သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ''မနက်ပိုင်းမှာ ကျွန်မတို့တွေ သမီးနဲ့အတူ သရက်သီးခူးတယ်။ မွန်းတည့် ၁၂ နာရီမှာ ထမင်းစားနားတယ်။ မွန်းလွဲ ၂ နာရီအချိန်ထိတော့ အိမ်မှာ ရှိနေသေးတယ်။ ညနေ ၄ နာရီမှာ ခူးထားတဲ့ သရက်သီးတွေကို ဥက္ကံမြို့ပေါ်တက်ပြီးတော့ ရောင်းမယ်လို့ လုပ်တဲ့အခါမှာ ကလေးက မရှိတော့လို့ လိုက်ရှာတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်အပျက်မျိုးနဲ့ သေနေတာ တွေ့ရပါတယ်''ဟု ပြောကြားခဲ့သည်။






NE

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။