MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 29, 2012

လှိုင်သာယာစက်မှုဇုန်၌ လုပ်ခလစာနှင့်ပတ်သတ်၍ ဆန္ဒထုတ်ဖော် စက်ရုံအချို့မှာ ညှိနှိုင်းသဘောတူညီမှုများ ရရှိ


ညှိနှိုင်းသဘောတူညီမှုရရှိခဲ့သဖြင့် ပျော်ရွှင်နေသော စက်ရုံဝန်ထမ်းများကို တွေ့ရစဉ်

လှိုင်သာယာစက်မှုဇုန်အတွင်းရှိ လုပ်ခလစာနှင့် ပတ်သတ်၍ ဆန္ဒထုတ်ဖော်ခဲ့သော စက်ရုံအချို့တွင် ညှိနှိုင်းသဘောတူညီမှုများ ရရှိခဲ့သောကြောင့် အချို့ဆန္ဒထုတ်ဖော်စက်ရုံ ၀န်ထမ်းများမှာ လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက်ခြင်းများ ပြုလုပ်နေပြီးဖြစ်ကြောင်း သိရှိရသည်။
ဆန္ဒထုတ်ဖော်ခဲ့သော စက်ရုံအများစုမှာ မေလတတိယပတ်နှင့် စတုတ္ထပတ်များအတွင်း ညှိနှိုင်းပြေလည်မှုများ ရရှိခဲ့ပြီး အနည်းဆုံး အခြေခံလစာ ကျပ် ၂၅၀၀၀ မှ ကျပ် ၅၀၀၀၀ အထိ
တိုးမြှင့်ပေးခြင်း၊ OT ကြေးများထပ်မံတိုးမြှင့်ပေးခြင်း၊ ခွင့်ရက်များရှိပါကလည်း လစာအတွင်း မှ ဖြတ်တောက်ခြင်းများကို ရုတ်သိမ်းပေးခြင်း အစရှိသည့် အလုပ်သမားများတောင်းဆိုသော အချက်အများစုကို ရရှိခဲ့ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သော စက်ရုံဝန်ထမ်းများထံမှ သိရှိရသည်။
ညှိနှိုင်းပြေလည်မှု ရရှိခဲ့သော စက်ရုံများမှာ UNNO Myanmar Yes အထည်ချုပ်စက်ရုံ၊ စပယ်ပွင့်အထည် ချုပ်စက်ရုံ၊ ပုလဲအထည်ချုပ်စက်ရုံနှင့် ဇုန်(၅)ရှိ Global Footware ဖိနပ်စက်ရုံ၊ နေမင်းအောင်အထည်ချုပ် စက်ရုံ၊ Mo Z (မိုဇီး) အထည်ချုပ် စက်ရုံ၊ Asia Rose ဖိနပ်စက်ရုံတို့ဖြစ် ကြောင်း သိရှိရပြီး ကျန်စက်ရုံများမှာမှု ညှိနှိုင်းမှုများသာ ပြုလုပ်လျက်ရှိသေးကြောင်း သိရှိရသည်။

''အခုလို ကိုယ့်ဆန္ဒကို အောင်မြင်စွာနဲ့ ဖော်ထုတ်နိုင်ခဲ့တာ အရမ်းဝမ်းသာဖို့ကောင်းတယ်။ ဒါပေမယ့် ကတိပေးပြီး ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုရင်တော့ နောက်တစ်ခါဆန္ဒထပ် တောင်ဆိုသွားမှာပါ''ဟု ပုလဲအထည်ချုပ်စက်ရုံမှ အလုပ်သမတစ်ဦးက ပြောကြားခဲ့သည်။

မေလ၂၇ရက်နေ့အထိ လှိုင်သာယာ စက်မှုဇုန်အတွင်း ညှိနှိုင်းပြေလည်မှု မရရှိသေးသည့် စက်ရုံပေါင်းခြောက်ရုံခန့် ကျန်ရှိနေကြောင်း၊ ရန်ကုန်မြို့အတွင်း အခြားစက်မှုဇုံများတွင်လည်း ဆန္ဒထုတ်ဖော်နေသော စက်ရုံအများစုမှ ညှိနှိုင်းမှုများမှာ အဆင်မပြေမှုများ ရှိနေကြောင်း သိရှိရသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။