MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

ဒဂုံမြောက်တွင် တန်ဖိုး နည်းအိမ်ရာလာမည်

ဒဂုံမြောက်မြို့ နယ်တွင် တန်ဖိုး နည်းအိမ်ရာများ တည်ဆောက်မည့် စီမံကိန်းကို မြို့ တော်စည်ပင်က ပထမဆုံးအကြိမ်စတင်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့  တော်စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး  ဦးကျော်စိုး ကထုတ်ဖော် ပြောကြား သည်။
အဆိုပါတန်ဖိုးနည်း  အိမ်ရာများ ကိုအမှတ်၄၄ရပ်ကွက်၌ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ပိုင်မြေကွက်တွင် ဆောက်လုပ် သွားမည်ဖြစ်ကာမြေဧကပေါင်း၉ ဒဿမ၂၅ဧကအကျယ်အဝန်းရှိ ပြီးယင်းစီမံကိန်းကို  မကြာမီ အကောင် အထည် ဖော် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း  သိရသည်။

''လတ်တလောအဲဒီ မြို့ နယ်မှာ မြေကွက်ရဖို့ဆောင်ရွက်နေပါ တယ်။မြေကွက်ရတာနဲ့တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်သွားမှာပါ။ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ဦးကျော်စိုး ကပြောသည်။ယင်း တန်ဖိုး နည်း အိမ်ရာ တည်ဆောက်မည့်  စီမံကိန်းတွင် အခန်းပေါင်း  ၆၄၈ခန်း  ပါဝင် သည့်အဆောက်အဦး ၂၇ လုံး၊ စတုရန်းပေ  တစ်ထောင်ရှိသည့် အိပ်ခန်း၃ခန်းပါဝင်မည့်အခန်း ရခန်း နှင့်စတုရန်း ပေ၅၃ဝရှိသည့်အခန်း ပါအဆောက် အဦး အလုံး ၂ဝခန့် ပါဝင် တည်ဆောက်သွား  မည်ဖြစ် ကြောင်း သိရသည်။

''နောက်ပိုင်းမြေကွက်တွေ ပေါ်လာရင်လည်းတန်ဖိုး နည်းအိမ် ရာတွေတိုးချဲ့ပြီးတော့ ဖော်ဆောင် ပေးသွားဖို့  အစီအစဉ်ရှိပါတယ်။'' ဟု ယင်းကထပ်မံပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှအဆင့်မြှင့်တင်ရေး ဦးစီးကော်မတီ   ဖွဲ့စည်းကာလစဉ် အစည်းအဝေးများ ပြုလုပ်၍ရန်ကုန် မြို့တွင်းအဆင့်မြှင့်တင်ရေး လုပ်ငန်း များ ဆောင်ရွက်လျှက် ရှိကြောင်း  သိ ရသည်။


၇န်ကုန်တိုင်းမ်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။