MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

ဝတ္ထုများကြိုတင် တင်ပြရန်မလိုသည့် ထုတ်/တင်စနစ်သို့ ပြောင်းလဲသတ်မှတ်

ပုံနှိပ်မီဒီယာကဏ္ဍအား နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်) နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိကျင့်သုံးနေသော စာပေစိစစ်ရေး မူဝါဒများကို အဆင့်ဆင့်ပြောင်းလဲ ဆောင်ရွက်လျက်ရှိရာ ပုံနှိပ်မီဒီယာကဏ္ဍ တွင် အမျိုးအစား (၁ဝ)မျိုး သတ်မှတ်ထား သည့်အနက် (၈)မျိုးအား ကြိုတင်တင်ပြ စိစစ်မှုခံယူရန် မလိုအပ်သည့် ထုတ်/တင် စနစ်(အုပ်စု-၁)ဖြင့် ဆောင်ရွက် လျက်ရှိပါ သည်။ထိုသို့ စာပေစိစစ်ရေးဆိုင်ရာ ဖြေလျှော့မှုများမှာ ပထမအဆင့်အနေဖြင့်  ၂ဝ၁၁ခုနှစ်၊ ဇွန်လ ၁ဝရက်နေ့တွင် အနုပညာသုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာနှင့်
အားကစားဆိုင်ရာ အမျိုးအစား ၅မျိုးနှင့် အကျုံးဝင်သည့် ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများအား လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့တွင် စီးပွားရေး၊မှုခင်းနှင့် ဥပဒေဆိုင်ရာ အမျိုးအစား၂မျိုးနှင့် အကျုံးဝင်သည့် ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများ အားလည်းကောင်း၊ တတိယအဆင့် အနေဖြင့် ၂ဝ၁၂ခုနှစ်၊ မတ်လ ၁ ရက်နေ့ တွင် ပညာ ရေးဆိုင်ရာဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေ စာမူများအားလည်းကောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင် တင်ပြ စီစစ်မှုခံယူရန် မလိုဘဲ ထုတ်/တင် စနစ်(အုပ်စု-၁)သို့ ပြောင်းလဲ သတ်မှတ် ပေးခဲ့ပြီးဖြစ်ပါသည်။
ယခု စတုတ္ထအဆင့်အနေဖြင့် ဝတ္ထုများအား ၂ဝ၁၂ခုနှစ်၊ မေလ ၁၆ရက်နေ့မှစ၍ ထုတ်/တင်စနစ်(အုပ်စု-၁)သို့ပြောင်းလဲသတ်မှတ်ခြင်းဖြစ်ကြောင်း  သိရှိရပြီး လက်ရှိတွင် နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အမျိုးအ စား(၂)ခုနှင့် သက်ဆိုင်သည့် ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများ၊ ပြက္ခဒိန်၊ ပို့စကတ်၊ သဝဏ်လွှာနှင့် တေးသီချင်းများသာ တင်/ထုတ်စနစ် (အုပ်စု-၂)တွင် ကျန်ရှိ ကြောင်း သိရှိရပါသည်။
ထို့အပြင် ပုံနှိပ်မီဒီယာဥပဒေအား အပြီးသတ်ရေးဆွဲပြီး ရှေ့ကျင်းပမည့် လွှတ်တော်၌ တင်ပြအတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဥပဒေတွင် ပါဝင်သည့် စာနယ်ဇင်း ကောင်စီအားကနဦးတင်ကြို ဖွဲ့စည်းနိုင်ရေးအတွက်လည်း ပုံနှိပ်မီဒီယာ လောကအတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ စာပေပညာရှင်များ ကိုယ်စားလှယ်များ ပါဝင်သည့် အမြုတေစာနယ်ဇင်းကောင်စီအား ၂ဝ၁၂ခုနှစ်၊ ဇွန်လအတွင်း ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့်အဆိုပါ အမြုတေ စာနယ်ဇင်း ကောင်စီဖြစ်ပေါ် လာသည့်အခါ တင်/ ထုတ်စနစ်တွင် ကျန်ရှိနေသည့် ဘာသာရပ်များနှင့် သက်ဆိုင်သော ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများ အား ဖြေလျှော့မှု (ပဉ္စမအဆင့်)အနေဖြင့်ထုတ်/ တင်စနစ်သို့ ဆက်လက်သတ်မှတ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ အဆင့်ဆင့်ဖြေလျှော့မှုများအား ဆောင်ရွက်ပေးခြင်းအားဖြင့် မကြာမီ အတည်ပြုပြဋ္ဌာန်းတော့မည့် ပုံနှိပ်မီဒီယာ ဥပေဒနှင့်အညီ သဟဇာတ ညီညွတ်မျှတ စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင် ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။


ပေါ်ပြူလာမြန်မာ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။