MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 21, 2012

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများမှ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု တစ်ရက်လျှင် ပျမ်းမျှဦးရေ ၁၅၀၀ အထိရှိလာ


73312
မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများမှ ခရီးသွားဝင်ရောက်မှုသည် ယခုအခါတစ်ရက်လျှင် ပျမ်းမျှဦးရေ ၁၅၀၀ အထိ ရောက်ရှိလာသည်ဟု သတင်းရရှိပါသည်။မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ရောက်ရှိမှုသည် လျင်မြန်စွာဖွံ့ဖြိုးလာနေပြီး ယခင်နှစ်များက လေကြောင်းလိုင်းဖြင့် ခရီးသွားရောက်ရှိမှုသည် တစ်ရက်လျှင် ပျမ်းမျှဦးရေ ၆၀၀ မှ ၇၀၀ ကြားသာရှိခဲ့ရာမှ ယခု အခါဦးရေ ၁၅၀၀ အထိ တိုးမြှင့်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ၂၀၁၂
ခုနှစ် မေလဒုတိယပတ်အတွင်းက စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ နှင့်တွေ့ဆုံရာတွင်
 ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ ခရီးသွားများ ၀င်ရောက်ရာ၌ ရန်ကုန် ၀င်ပေါက်၊ နေပြည်တော်၊ မန္တလေး နှင့် ညောင်ဦးဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်တို့မှ ၀င်ရောက်ပြီး လေဆိပ် ၀င်ပေါက်များသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ညောင်ဦးတို့ တွင် တည်ရှိနေကြသည်။
၂၀၁၁ ခုနှစ်တစ်နှစ်တာ အတွင်း ရန်ကုန်ဝင်ပေါက်မှ ခရီးသွားဦးရေ ၃၆၄၇၄၃ ဦးဝင်ရောက်ခဲ့ပြီး နေပြည် တော်၊ မန္တလေးနှင့်ညောင်ဦးဝင်ပေါက် တို့မှ ခရီးသွားဦးရေစုစုပေါင်း ၂၆၄၃၃ ဦးဝင်ရောက်ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန မှ သိရှိရသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၀၆ ခုနှစ်တွင် အတိုး တက်ဆုံးဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ကျဆင်းမှု ဖြစ်ပေါ်ခဲ့ကာ ၂၀၀၈ ခုနှစ်တစ်နှစ်တာနှင့် ၂၀၀၉ ခုနှစ်အထိ ဆက်လက် ကျဆင်းသည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ခရီးသွားဝင်ရောက်မှု ပြန်လည်တိုးတက် လာခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ပိုမိုတိုးတက်မှုကို ကြုံတွေ့လာရခြင်း ဖြစ်ပြီး နှစ်ကုန်ပိုင်းသည် ခရီးသွား လုပ်ငန်းကို ကောင်းမွန်သော အနေအထားသို့ ရောက်ရှိလာစေခဲ့သည်။
၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်း၌ နိုင်ငံရေးတွင် အပြောင်းအလဲများ ပေါ်ပေါက်လာခြင်း၊ အပြုသဘော ဆောင်သော အနေအထားများဖြစ် ပေါ်လာခြင်းနှင့်အတူ မီဒီယာများ၌ မြန်မာနိုင်ငံသတင်းများ ပေါ်လွင် လာမှုတို့က ကမ္ဘာလှည့်ခရီးသွားများ အာရုံစိုက်ဖွယ် ဖြစ်လာစေခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်လည်း ခရီးသွားစိတ်ဝင်စားမှု ဆက်လက်မြင့်တက် လာခဲ့သည် ဟု သိရှိရသည်။
အာရှပစိဖိတ် ခရီးသွားအဖွဲ့အစည်းက မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်း အလျင်မြန်ဆုံးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည်ဟု သုံးသပ်ထားပြီး ခရီးသွားဧည့်သည် ၀င်ရောက် မှု ၂၀၁၁ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်း တိုးတက်လာနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။









News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။