MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

ဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပိတ်ထားခြင်းမရှိသော်လည်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး ရှိနေ

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား ပိတ်ထားခြင်းမရှိသော်လည်း ယခုရက်ပိုင်းအတွင်း အထူးသဖြင့် မေလ ၂၈ ရက်နေ့မှစ၍ သိသိသာသာ ကျဆင်းသွားကြောင်း လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိရသည်။''အဓိကအားဖြင့်တော့ လုံခြုံရေး အခြေအနေကို ကြောက်ပြီးတော့ ပို့ကုန်ကားတွေ အ၀င်အထွက် တော်တော်နည်းသွားတာပါ။ ထင်နေတာက ဗုံးဖောက်ခွဲခံရနိုင်တယ်လို့ ထင်နေကြတယ်။ အခုရက်ပိုင်း ထွက်နေတဲ့ သတင်းတွေအရ ဖောက်ခွဲနိုင်တယ်လို့ ယူဆကြတယ်။ ပြီးတော့ မူးယစ်ရာဇာ နော်ခမ်းကို လာအိုကဖမ်းပြီး တရုတ်ကို အပ်တဲ့ကိစ္စက တရုတ်-မြန်မာနယ်စပ်က ဘဏ်လုပ်ငန်းတွေအပေါ်မှာ ရိုက်ခတ်မှုရှိတယ်။ ပြီးတော့ မူဆယ်မြို့နယ်အုပ်ချုပ်ရေးရုံးကလည်း ၂၈ ရက်နေ့က ဒီဘက်သွားနေတဲ့ ကယ်ရီတွေ၊
ဆိုင်ကယ်ကယ်ရီတွေကအစ မသွားဖို့ ပြောတော့တယ်။ ဒါကြောင့် ၂၈ ရက်နေ့ နောက်ပိုင်းကစပြီး ကုန်သွယ်ရေးဇုန်မှာ ကားတွေ အ၀င်အထွက် ကျဲပါးသွားတာ။ တရားဝင်ပိတ်ထားတာ မဟုတ်ပါဘူး''ဟု နယ်စပ်မှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများတွင် နှမ်း၊ ငါး၊ ကျွန်းသစ်လုံး၊ သစ်မာလုံး၊ ကဏန်း၊ ကျောက်စိမ်း၊ ပုစွန်၊ ပဲတီစိမ်း၊ ဆန်၊ ပြောင်း၊ ရော်ဘာစိမ်း တို့ပါဝင်ကြောင်း သိရှိရသည်။

''အခုနယ်စပ်မှာ ဆန်တွေ ပုံနေတယ်။ ပုံနေတယ်ဆိုတာက ဟိုဘက်မှာ အဖမ်းအဆီးတွေ ရှိနေတာကြောင့်လည်း ပါတယ်။ နောက်ပြီး အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း စကားပြောလာတယ်။ ဥပမာ- ငစိန် ထိပ်စ ၂၅ မှတ်ဆိုရင် ၅၀ ကီလိုဝင် တစ်အိတ်ကို ၁၄၂ ယွမ်အထိ ပေးတယ်။ တစ်တန်ကိုဆိုရင် ၄၄၀ ဒေါ်လာ လောက်ရတယ်။ ဒါပေမယ့် ကားခတော့ ရှိတယ်။ ကားခအနေနဲ့ မန္တလေးကနေ မူဆယ်ကိုဆိုရင် တစ်တန်ကို ၅၁၀၀၀ ကျပ်လောက်ကျတယ်။ တရုတ်ဘက်မှာ စစ်ဆေးရေးတွေ ၀င်နေတာက သုံးလပိုင်းလောက်ကနေ စပြီးတော့ ၀င်နေတယ်။ မြန်မာအလုပ်သမားတွေ ပြဿနာနဲ့လည်းပဲ ပတ်သက်ပါတယ်။ အခုလည်း လုံခြုံရေး အခြေအနေကြောင့် ကုန်သွယ်မှုတွေ တော်တော်လေး နှေးကွေးနေပါတယ်'' ဟု မူဆယ်မြို့၊ ပဲနှမ်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

''အလားတူ တရုတ်-မြန်မာနယ်စပ်ရှိ ဘဏ်များတွင် မူးယစ်ရာဇာကိစ္စနှင့် ပတ်သက်သည့် ရိုက်ခတ်မှုများ ရှိခြင်းကြောင့် လက်ရှိတွင် လုပ်ငန်းရှင်များက Account transfer ပင် လက်မခံရဲတော့သောကြောင့် ကုန်သွယ်မှု အခြေအနေများ အခက်အခဲရှိနေကြောင်း သိရှိရသည်။




News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။