၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဥက္ကဌ ဦးအေးလွင် ကိုလှည်းကူးတရားရုံမှ ယနေ့ နံနက် ပိုင်းတွင် ထောင်ဒဏ် ၂ လ အမိန့်ချ မှတ်လိုက်ကြောင်း သိရသည်။ တရားဝင် နိုင်ငံရေးပါတီမှ ဥက္ကဌ တစ်ဦးအား ပြစ်ဒဏ်ချမှတ်ခြင်း မှာ အစိုးရသစ်လက်ထက်တွင် ပထမဦးဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။ ဝတ်တရားနှောင့်ယှက်မှုဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး ယင်းပါတီမှ ပြစ်ဒဏ်လျော့ ပေါ့ရေး နှင့် ပြစ်ဒဏ်ပြင် ဆင်ခြင်း တို့ကို အယူခံဝင်သွားမည် ဟု သိရသည်။
ဝတ်တရား နှောင့်ယှက်မှုနှင့် ဒီနေ့မနက်မှာဘဲ လှည်းကူးတရားရုံးက ပြစ်ဒဏ် ၂ လ ချမှတ်လိုက်တယ်၊ ဝန်ထမ်းတွေရဲ့ ဝတ်တရားကိုလည်း မနှောင့်ယှက်ဖူးပါဘူး ဒီအမှုက ၂၀၁၁
တုန်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က နိုင်ငံရေး ပါတီ တွေနဲ့ အစည်းအဝေးရှိလို့ နေပြည်တော်သွားရင် တိုးဂိတ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာပါ အဲဒီတုန်းက အခွန် ၅၀၀၀ ကိုလည်း ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြစ်ဒဏ် ပြင်ဆင်တာတို့ လျော့ပေါ့တာတို့ဖြစ်အောင် ရှေ့နေနဲ့ တိုင်ပင်ပြီး အယူခံ ဝင် သွားဖို့ ရှိပါတယ်။ အခုထူးခြားတာက အလုပ်သမားပြဿနာတွေကလည်း အခုချိန်မှာ ပေါ်ပေါက်နေတယ် ၊နောက်တစ်ခုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်သုံးသပ်ပွဲကို နေပြည် တော်မှာ လုပ်နေတယ် ဒီအချိန်မှာပဲ အမိန့်ချမှတ်လိုက်တာပါ ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်မှ ဥက္ကဌ ဦးရဲထွန်းက ပြောသည်။
၂၀၁၁ခုနှစ်ဇူလိုင် ၂၆ ရက်က လှည်းကူးတိုးဂိတ်တွင် ဖြစ်ပွားခဲ့သော ပြဿနာဖြစ်ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲကို ဇူလိုင် ၂၇ ရက်တွင်ပြူလုပ်မည်ဖြစ်၍ နေပြည်တော်သို့ သွားရောက်ရာမှ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်
Pages
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Wednesday, May 23, 2012
၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ဥက္ကဌ ဦးအေးလွင် ထောင်ဒဏ် ၂ လ ချမှတ်ခံရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment