MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

သံတွဲမြို့နယ်ဒေသအချို့တွင် သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်

ယခုနှစ်တွင် အပူချိန်များခြင်းနှင့် မိုးဦးနောက်ကျခြင်းတို့ကြောင့် သံတွဲမြို့နယ် အတွင်းရှိ ရပ်ကွက်အချို့နှင့်ကျေးရွာအချို့တွင် သောက်သုံးရေအခက်အခဲနှင့်ရင်ဆိုင်နေကြရသည်။
ကန်ရေကိုသာသုံးစွဲနေရသော ဗောဓိကုန်းရပ်ကွက်၊ ဒွါရာဝတီမြို့သစ်နှင့် အံတော်ကျေးရွာတို့တွင် ကန်မှပေးဝေ သောများ နောက်ကျိနေခြင်းနှင့် မလုံလောက်ခြင်းများ ကြုံနေရကြောင်း ဒေသခံများက
ပြောသည်။`ကန်မှာက ရေနည်းနေပြီ၊ အဲဒါကြောင့် ပေးတဲ့ရေက နောက်နေတယ်´ဟု
ဗောဓိကုန်းရပ်ကွက်တွင်နေထိုင်သူ တစ်ဦးက ပြောသည်။

စေတနာရှင်များလာရောက်လှူဒါန်းသောရေကို ခပ်ယူနေကြသော ဒေသခံများ


ဗောဓိကုန်းကန်မှာ မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ယူ စီမံခန့်ခွဲနေသောကန်ဖြစ်ပြီး
ပုံမှန်ရေထုတ်ပိုက်အောက်သို့ ရေရောက်ရှိ သွားပြီဖြစ်၍ လွန်ခဲ့သောငါးရက်ခန့်ကစတင် ကာ
ရေစုပ်စက်အသုံးပြုပြီးပုံမှန်ရေပေးဝေလျက်ရှိကြောင်းသံတွဲမြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ကပြောသည်။

၎င်းက` သံတွဲမှာ ရေမရှားသေးပါဘူး၊ ပုံမှန် ပါပဲ´ ဟု မေ၂၁ ရက်ကYPI သို့ပြောသည်။

ဒွါရာဝတီမြို့သစ်နှင့်အံတော်ကျေးရွာတို့ကို ရေပေးဝေသောကန်မှာလည်း ရေနည်းသွားပြီဖြစ်သဖြင့် တစ်နေကုန် ရေခံထားမှသာ တိုင်ကီတစ်လုံးခန့်သာ ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

အဆိုပါနေရာများသို့ လွန်ခဲ့သော တစ်လခန့်ကစ၍ ရက်ခြားရေသွားပို့ခဲ့ကြောင်း ရေလှူသူ
ဒေသခံတစ်ဦးက ပြောသည်။                

ယခုရက်ပိုင်းတွင်မူ ရေရှားသည့်နေရာ ပိုများလာပြီး သံတွဲမြို့ ပေါ်မှစေတနာရှင်များက နန်းချောင်းရွာ၊ ကျောင်းတိုက်ရွာ၊ အံတော်ရွာ နှင့် ဗောဓိကုန်းရပ်ကွက်၊ ညောင်ပင်ဈေး ရပ်ကွက်များသို့
သောက်သုံးရေများ သွားရောက်ပို့ပေးနေကြပြီဖြစ်သည်။

` တကယ်တော့ ရေရှားတဲ့နေရာတွေက ဒါထက်ပိုသေးတယ်၊ ဝေးလို့မသွားနိုင်တာရယ်
သတင်းမကြားရသေးတဲ့အတွက် မသွားနိုင်သေးတာပါ´ ဟု ရေပေးဝေရာတွင်
ဦးဆောင်နေသူတစ်ဦးက ပြောသည်။    


မေ ၂၂၊ ၂၀၁၂ (YPI) 

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။