MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

ပါကစ္စတန်ဝန်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှားရေး ကြားနာဆုံးဖြတ်မည် မဟုတ်ဟု လွှတ်တော်ဥက္ကဋ္ဌ ပြောကြား



ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာဂီလာနီမှာ ရာထူးဆက်လက် ထမ်းဆောင်ရန် အရည်အချင်းပြည့် မီခြင်း ရှိ၊ မရှိ ကြားနာဆုံးဖြတ်မှု ဆောင်ရွက်မည်မဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဖာမီဒါမီရ်ဇာက မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သမ္မတ အလီဇာဒါရီ၏ ခြစားမှုများကို ပြန်လည်စစ်ဆေးရန်အတွက် ဆွစ်ဇာလန် အာဏာပိုင်များကို တောင်းဆိုခိုင်းမှုကို ၀န်ကြီးချုပ်က ငြင်းဆိုခဲ့သဖြင့် တရားရုံး မထီမဲ့မြင်ပြုမှု စွပ်စွဲချက်များဖြင့် ၀န်ကြီးချုပ် ဂီလာနီကို အဖွဲ့ဝင် ခုနှစ်ဦးပါဝင်သော တရားရုံး ချုပ်တရားသူကြီးများက
စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စီရင်ချက်သည် ၀န်ကြီးချုပ်ကို ရာထူးမှ ထုတ်ပယ်ရန်သင့်သော အကြောင်းအချက် ဖြစ်  မဖြစ်ကို စဉ်းစားဆုံးဖြတ်ရန် လွှတ်တော်ဥက္ကဋ္ဌတွင် ရက် ၃၀ စဉ်းစား ချိန်ရထားသည်။ လွှတ်တော်ဥက္ကဋ္ဌက ရာထူးမှ ထုတ်ပယ်ရန် သင့်သည်ဟု ယူဆပါက ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြကာ ထုတ်ပယ်ရန် သင့်၊ မသင့်ကြားနာမှု ပြုလုပ်ရမည်ဖြစ်သည်။

ထုတ်ပြန်ခဲ့သော စာမျက်နှာ ငါးမျက်နှာရှိ ကြေညာချက်တွင် မီရ်ဇာက တရားရုံးချုပ်၏ ညွှန်ကြားချက်ကို ၀န်ကြီးချုပ်က မလိုက်နာခဲ့ခြင်းသည် ၀န်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှားရေးနှင့်စပ်ဆိုင်သော ကိစ္စဟု မယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

ဂီလာနီ၏ ပြစ်ဒဏ်ကျမှုသည် ၎င်းကိုရာထူးမှ ထုတ်ပယ်ရန်အတွက် အခြေခံအကြောင်း တစ်ခုဖြစ်သည်ဟု ဝေဖန်သုံးသပ်သူများနှင့် နိုင်ငံရေး ပြိုင်ဘက်များက သုံးသပ်ခဲ့သော်လည်း လွှတ်တော်ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ကြောင့် ၀န်ကြီးချုပ်သည် ၎င်း၏ ငါးနှစ်သက်တမ်းကို ပြီးဆုံးအောင် ထမ်းဆောင်နိုင်ရန် အခွင့်အလမ်းများသွားပြီဖြစ်သည်။


Ref: CNN


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။