MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

ရှောခ်ဖြစ်ရတဲ့ သတင်းများ

ကျွန်တော်တို့သည် ယခုဆို အပတ်စဉ်ထုတ် ဂျာနယ်စာစောင် များကို နေ့တိုင်းလိုဝယ်ယူဖတ်ရှုပါ သည်။ ယခင်ကလည်း ဖတ်တော့ ဖတ်သည်။ သို့ပေမယ့် ငွေကြေး အခြေအနေကြည့်ပြီး တစ်ပတ်တစ် စောင်နှစ်စောင်လောက်သာ မိမိ ကြိုက်တာဝယ်ဖတ်ပါသည်။ ယခုတလော ဖတ်ရှုရသော သတင်းများမှာ ဖတ်ရုံ၊ သိရုံ၊ ဗဟု သုတရရုံ သတင်းသဘောသာ ဖတ် ရှုရမည့် သတင်းများထက် ကျွန် တော့်နှလုံးခုန်စေသော မိဘရှင်တစ် ဦးအနေနဲ့ဖြစ်ဖြစ်၊ တာဝန်သိပြည်သူ တစ်ဦးအနေနဲ့ဖြစ်ဖြစ် အလေးထား စရာသတင်းများ ဆက်တိုက်ဖတ်ရှု နေရပါသည်။ ကျွန်တော်တို့မိဘများ၊ တာဝန်ရှိသူအဆင့်ဆင့်ရော ကျွန် တော့်ကဲ့သို့ အလေးထားမိစေရန် တင်ပြ လိုပါသည်။ ပထမဦးစွာတင်ပြလိုတာက  ဂျာနယ်များတွင် ဖော်ပြထားသော ဒဂုံမြို့နယ်ရှိ ဟိုတယ်တစ်ခုကို
ဝင် ရောက်လုယက်မှု ဖြစ်ပါသည်။ လု ယက်မှုဖြစ်တာ မဆန်းသော်လည်း ကျူးလွန်သူများမှာ ဆယ်ကျော် သက် ဖြစ်နေတာကိုတော့ ကျွန်တော်အံ့သြမိပါသည်။ ဆယ်ကျော်သက် အရွယ်ဆို သည်မှာအထက်တန်း ကျောင်း သား အရွယ်ဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်ငယ်ကဆို ဒီအရွယ်က ဆော့ ကောင်းတုန်းအရွယ် ဖြစ်ပါသည်။ ဒါကြောင့် ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ ပြစ်မှုကြီးတစ်ခု ကျူးလွန်တာကို ကျွန်တော်တို့သတိမထား၍ မရ တော့ပါ။ ပေါ့ပေါ့တန်တန်ထား၍ မဖြစ်ပါ။ ဘာကြောင့် ကျူးလွန်ရ သလဲ၊ သူတို့လေးတွေက ဘယ် အသိုင်းအဝိုင်း ကလဲဆိုတာကို တာဝန်ရှိသူများ၊ မိဘရှင်များအနေနဲ့ လေ့လာသုံးသပ်ပြီး ကျွန်တော်တို့ တစ်ခုခုတော့ ဆောင်ရွက်ကြရတော့ မည်ဖြစ်သည်ကို အလေး အနက် ထောက်ပြလိုပါသည်။ တစ်ဆက်တည်းနောက် သတင်း တစ်ပုဒ်တွင် တည်းခိုခန်းသို့ အချိန် ပိုင်းလာရောက် တည်းခိုသူစုံတွဲ များတွင် အသက် ၁၈ နှစ် မပြည့် သေးသော လူငယ်စုံတွဲများ လာ ရောက်ကြောင်း သတင်းဖြစ်ပါ သည်။ ဒါကိုလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အမှုမဲ့အမှတ်မဲ့ နေ၍ မဖြစ်ပါ။ အားလုံးမြင် ရ၊ တွေ့ နေရပါသည်။ ဘတ်စ်ကားပေါ်၊ ပန်း ခြံ၊ စူပါမားကက်များတွင် အချို့ သောလူငယ်စုံတွဲများမှာ ၁၈ နှစ် အောက်ခန့်ရှိသော အတွဲများသာ ဖြစ်ပါသည်။
ကျွန်တော်သည် သန်လျင်တွင် ခြံရှိ၍ တစ်ပတ်တစ်ခေါက် နှစ်ခေါက် လောက် ရန်ကုန်ကသွားပါသည်။ ကျွန်တော် ဘတ်စ်ကားစီးတိုင်း မြင် နေကျကတော့ သန်လျင်သို့သွား သော ကျောင်းသားအများစုမှာ အတွဲများဖြစ်နေပါသည်။ ငယ်ငယ် ရွယ်ရွယ်နှင့် ကားပေါ်တွင် မြင်ရ တွေ့ရသည်မှာ မိဘရှင်တစ်ဦးအနေ နှင့် ရင်နာရပါသည်။ သန်လျင် ကျောက်တန်းကားစီးသူတိုင်း မြင် တွေ့ဖူးမှာဖြစ်ပါသည်။ မိဘများက တော့ ကျောင်းသွားသည်ဟု ရိုးရိုး သားသားပဲထင်မည်။ သူတို့က တော့ ကားပေါ်မှာ မရှက်မကြောက် နေထိုင် ပြုမူကြသည်မှာ ယိုသူ မရှက်မြင်သူရှက် ကိန်း ဖြစ်နေပါ သည်။ ထို့အပြင် ကျွန်တော်သိရ သော သတင်း အရ ကျောင်းအနီး ပတ်ဝန်းကျင်ဘော်ဒါဆောင်များသည် အချိန်ပိုင်းငှားရမ်းအသုံးပြုခွင့် ရ ကြောင်းသိရပါသည်။ ဒါကို အလေး အနက် ဟန့်တားစေ လိုပါ သည်။ နောက်တစ်ချက်က ကျွန်တော် သည် မိတ်ဆွေများနှင့် တစ်ခါတစ်ရံ ဘီယာဆိုင်ထိုင်ပါသည်။ ထိုအခါ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဘီယာ အရက်သောက်သူ လူငယ်များ တွေ့ရပါသည်။ နိုင်ငံခြားမှာက အသက် ၁၈ နှစ်အောက် မရောင်းရ သတ်မှတ်သည်ဟု ကြားဖူးပါသည်။ ဒီမှာက အသက်လည်း ကန့်သတ် ချက်မထား၊ တားမည့်သူလည်းမရှိ၊ အုပ်ထိန်းသူများကလည်း ဂရုမထား တော့ ငယ်ငယ်ရွယ်ရွယ်နှင့် ဘီယာ ဆိုင်များမှာ တွေ့မြင်နေရသည်မှာ ရင်နာဖွယ်ဖြစ်ပါသည်။ အချို့မိန်းက လေးများဆို ပြောင်ပြောင်တင်းတင်း သောက်နေပါသည်။ ဒါတွေကို ပြန်သုံးသပ်ရင်း ဒီလို ကလေးတွေ ပျက်စီးရခြင်းမှာ စနစ် ကြောင့်လား၊ လူကြောင့် လား၊ ဘာ ချို့ယွင်းချက်ကြောင့် ဒီလိုပျက်စီးရ သလဲ မပြောတတ်ပါ။ ဒါတောင် ကျွန်တော့်လို အဘိုးကြီးက လူငယ် များပျော်ပါးရာ နိုက်ကလပ်၊ ကာရာ အိုကေ၊ စတိတ်ရှိုးများကို မရောက် ဖူး၍ မသိပါ။ အဲဒီမှာတော့ ဘယ် လောက်ပျက်စီးသလဲဆိုတာ သွားဖူး သူများပဲ သိမည်ဖြစ်ပါသည်။ ကျွန်တော်တို့ငယ်ငယ်က မူလ တန်းတွင် ပြည်သူ့နီတိသင်ရပါ သည်။ မိဘဝတ်၊ ဆရာဝတ်၊ သား သမီးဝတ်၊ တပည့်ဝတ် စသည့် ဝတ်ငါးပါး၊ အခြေခံဘာသာရေးများ၊ လူမှုနယ်ပယ် တွင် နေထိုင် ကျင့်ကြံ ရမည့် နီတိများကို သင်ယူရပါသည်။ ယခုတော့ ကျောင်းကလည်း မသင်၊ မိဘကလည်း စား၊ ဝတ်၊ နေရေး အတွက် ရုန်းကန်နေရတော့ ကလေး တွေ က ဖြစ်ချင်တိုင်းဖြစ်နေကြပါ သည်။ တချို့ကျောင်းစိမ်းနဲ့အတွဲများ ကိုလည်း မြင်တွေ့နေရပါသည်။ အထက်ပါ လုယက်မှု ကျူးလွန်သူလူ ငယ်များကို လေ့လာ ကြည့်တော့ ဂျာနယ်မှာ ပါသည့် သတင်းများအရ ကလေကချေ ကလေးများမဟုတ်ပါ။ ဒီဟိုတယ်ကို ဝင်ထွက်ဖူးသူများဟု သိရပါသည်။ ဒါကြောင့် သူတို့အသိုင်းအဝိုင်း တစ်ခုကတော့ လူချမ်းသာထဲက မဟုတ်သည့်တိုင် လူလတ်တန်းစား အသိုင်းအဝိုင်းကဖြစ်မည်ဟု ကျွန် တော်ခန့်မှန်းမိပါသည်။ ဒါကြောင့် ဒီကလေးတွေ ဘာကြောင့် ကျူးလွန် ရလဲ၊ နောင် ဒီလိုမဖြစ်အောင် ဘယ် လိုဟန့်တားမလဲဆိုတာတွေကို လေး လေးနက်နက်ထားဖို့ သက်ဆိုင်ရာ များကို တိုက်တွန်းလိုပါသည်။ရန်ကုန်မြို့ လယ်ကောင်လို  နေရာမျိုးမှာ နေ့ခင်းကြောင်တောင် လုယက်မှုကြီးကျူးလွန်တာကို မဟန့်တားနိုင်လျှင် နောင်ဒီအရွယ်နဲ့ နိုင်ငံခြားမှာလို လူသတ်မှု မဖြစ်နိုင်ဘူး လို့ ဘယ်သူ အာမခံရဲမှာလဲ။ ကျွန်တော်တို့အားလုံး တာဝန်ရှိလာ ပြီဖြစ်ပါသည်။ ယခုအခါ ဘာသာရေးနယ် ပယ်မှ ဆရာတော်အရှင်ဆေကိန္ဒလို ပုဂ္ဂိုလ်မျိုးတွေက လူငယ်ယဉ်ကျေး မှုသင်တန်းများ၊ ဘာသာရေးသင် တန်းများ ဖွင့်လှစ်ခြင်း၊ အခြား ဘာသာရေးအဖွဲ့အစည်းများက ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်ရုံ ဖြင့် မလုံလောက်ပါ။ စာသင်ကျောင်း များကအစ ယဉ်ကျေးလိမ္မာစေရန် ပြည်သူ့နီတိလိုဘာသာမျိုး ထည့် သွင်းသင်ကြားဖို့ လိုအပ်လာပြီဖြစ် ကြောင်း ရေးသားရပါသည်။
မူလတန်း၊ အလယ်တန်း ကတည်းက သူတို့ စိတ်ဓာတ်ကိုပြု ပြင်ဖို့ ကျွန်တော်တို့လို ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုအနေဖြင့်လိုအပ်ပါသည်။ သို့မဟုတ်ပါက ဆယ်ကျော်သက် နဲ့ လူသတ်မှုကျူးလွန်ခြင်း၊ ကိုယ်ဝန် ဆောင်ခြင်း၊ အုပ်စုဖွဲ့ရမ်းကားခြင်း စသော အနိဋ္ဌာရုံဆိုးများ မလွဲမသွေ ပေါ်ပေါက်နိုင်ကြောင်း သတိပေး ရေးသားအပ်ပါသည်။
ကျွန်တော် ဤဆောင်းပါးရေး နေစဉ် ထွက်ရှိသည့် ဂျာနယ်စာ စောင်တွင်လည်း ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ အပေါင်ဆိုင် တစ်ခုတွင် လူငယ် ၄ ဦး ဝင် ရောက် လုယက်ကြောင်း သတင်း ပါရှိပါသည်။ အဆိုပါ လူငယ်များမှာ လည်း အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များဖြစ်နေသည် ကို အံ့သြစွာ တွေ့ရှိရပါသည်။ ဒါ ကြောင့် ယခုလိုနိုင်ငံ၏စီးပွားရေးမြို့ တော်ဖြစ်သော ရန်ကုန်မြို့ကြီးမှာ ဝင်ရောက်လုယက်မှုကြီးများကို လူ ငယ်များကျူးလွန်နေ ကြသည်မှာ ကျွန်တော်အထက်က တင်ပြသလို မိဘရှင်ပြည်သူများကရော၊ တာဝန်ရှိ သူအဆင့်ဆင့်ကပါ အထူးအာရုံ စိုက်ဆောင်ရွက်ရမည့် ကိစ္စတစ်ခု ဖြစ်ပါကြောင်း အလေးအနက် ရေးသားရပါ သည်။


ဘိုကြီး 
ပေါ်ပြူလာ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။