MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ ရန်ကုန်မြို့ပါဝင်လာပြီ ( အသံဖိုင်နှင့်တစ်ကွ)

2012-05-22
အင်္ဂါနေ့ညက ရန်ကုန်၊ မန္တလေးနဲ့ ပြည်မြို့တွေမှာ လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ရန်ကုန်မြို့ဆူးလေစေတီအနီးမှာ လူတစ်ထောင်ခန့် ဖယောင်းတိုင်တွေထွန်းပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
(Photo: AFP)
လျှပ်စစ်မီးများ ထိန်ညီးနေသော နေပြည်တော်မြို့သစ်ကို ၂၀၀၈ မတ်လ ၂၇ ရက်နေ့က တွေ့မြင်ရပုံ ဖြစ်ပါသည်။ ရန်ကုန်မြို့ကြီးနှင့်တကွ အခြားမြို့ရွာများတွင် လျှပ်စစ်မီးပုံမှန် မရရှိပါ။ (Photo: AFP)
ည ၇ နာရီလောက်မှာ လူပေါင်း ၁၀၀ ခန့်က ဖယောင်းတိုင်များထွန်းကာ ဆူးလေဘုရားတ၀ိုက် စတင်စုဝေး လှည့်လည်ခဲ့ကြပါတယ်။
မြို့တော်ခန်းမအနီးမှ စတင်လမ်းလျှောက်ခဲ့ကြပြီး မဟာဗန္ဓုလလမ်းမကြီးနှင့် ၃၁ လမ်းထောင့် အရောက်တွင် ရဲမှူးကြီးအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်သည့် ရဲတပ်သားများက ရှေ့ဆက်မသွားကြရန်နှင့်
လူစုခွဲရန် တားမြစ် ပြောဆိုခဲ့သည့်အတွက် ဆန္ဒပြလူစုမှာ ဆူးလေဘုရားဘက်သို့ နောက်ပြန်လှည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုအချိန်တွင် ဆူးလေဘုရားအနီး၌ ဖယောင်းတိုင်များ ကိုင်ဆောင်ထားသည့် လူများ ထပ်မံစုရုံးနေခဲ့ရာမှာ ရဲတပ်သားများက ဖယောင်းတိုင်များ ကိုင်ဆောင်လာသည့် ဆန္ဒပြသူများကို လက်ချင်းချိတ်၍ ၀ိုင်းရံခေါ်ဆောင်လာကြပြီး ဆူးလေဘုရားပေါ်သို့ မတက်ရောက်ရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ သို့သော်လည်း များပြားလာသည့်လူထုမှာ အတားအဆီးများကို ထိုးဖောက်၍ ဆူးလေဘုရား ရင်ပြင်တော်ပေါ်သို့ တက်ရောက်လှည့်လည်ကာ ဆီမီးကပ်လှူခဲ့ကြကြောင်း၊ အဲဒီနောက် ပထမဆုံး စတင်ဆန္ဒပြကြသည့် အဖွဲ့မှာ လူစုခွဲသွားခဲ့ကြသော်လည်း ထပ်မံရောက်ရှိလာကြသည့် လူများက ဖယောင်းတိုင်များကို ထွန်းညှိကိုင်ဆောင်ကာ ထပ်မံဆန္ဒ ဖော်ထုတ်ခဲ့ကြသည့်အတွက် လာရောက် ကြည့်ရှုနေကြသည့် လူထုမှာ ၂၀၀၀ ၀န်းကျင်ခန့်အထိ ရှိလာခဲ့ကြောင်း သိရပါတယ်။
ည ၈ နာရီခွဲခန့်တွင် ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီး စုဝေးနေကြသည့် ဖယောင်းတိုင်ကိုင် ဆန္ဒဖော်ထုတ်သူများက “မီးလင်းပါစေ”ဟူသည့် ကြွေးကြော်သံများကို အော်ဟစ်၍ လမ်းမပေါ်သို့ တိုးထွက်လာကြသဖြင့် ရဲတပ်သားများက လူအုပ်ကို တားဆီး၍ နောက်ပြန် ဆုတ်စေခဲ့ပါတယ်။
ဒါပေမယ့် ကြွေးကြော်သံများမှာ ညကိုးနာရီခန့်အထိ ဆက်လက် ပေါ်ထွက်နေဆဲဖြစ်ပြီး လူထုက အားပေး လက်ခုပ်သံများမှာလည်း ကျယ်ကျယ်လောင်လောင် ပေါ်ထွက်နေခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသူလူထုသည် ည ကိုးနာရီခန့်မှာ လူစုကွဲသွားကြတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဒေါ်ခက်မာရဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့မှာလည်း မနေ့ညက တတိယမြောက်ညအဖြစ် ဆန္ဒပြ လမ်းလျှောက်ခဲ့ကြပြီး အဲဒီဆန္ဒပြပွဲဟာ သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြမှုနောက်ပိုင်း အကြီးမားဆုံး ဖြစ်ပါတယ်။
အဲဒီဆန္ဒပြ လမ်းလျှောက်ပွဲတွေဟာ မန္တလေးမြို့မှာ တနင်္ဂနွေနေ့ ညက စတင်ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီနောက် တနင်္လာနေ့မှာ မုံရွာမြို့နဲ့ အင်္ဂါနေ့ ညမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အချက်အခြာကျတဲ့ ရန်ကုန်မြို့အထိ ပြန့်ပွားခဲ့တာ ဖြစ်ပါတယ်။
မန္တလေးက ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဒေါ်ခက်မာရဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။