MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

အမျိုးသား တားဆေးပေါ်တော့မည်

ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှုအတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။သုက်ပိုးထုတ်လုပ်ရာတွင် နောက်ဆုံးအဆင့်များအတွက် အရေးပါသော Katanal1 အမည်ရ မျိုးဗီဇကို ကြွက်များတွင် လေ့လာရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Katanal1 မျိုးဗီဇကို တားဆီးနိုင်သော ဆေးဝါး ထုတ်လုပ်နိုင်မည် ဆိုလျှင် အမျိုးသားက ယင်းဆေးကိုသောက်ရုံဖြင့် ပဋိသန္ဓေ တားနိုင်မည်ဖြစ်သည်။ ယခုအချိန်အထိ အမျိုးသားဘက်က ပဋိသန္ဓေတားရန်အတွက် ပုံမှန်အားဖြင့် ကွန်ဒုံးသုံးခြင်းနှင့် သားကြောဖြတ်ခြင်း၊ ထုံးခြင်းကိုသာ ပြုလုပ်၍ရသေးသည်။
အီဒင်ဘာ့ဂ်တက္ကသိုလ် မျိုးဆက်ပွား ကျန်းမာရေးဌာနမှ သုတေသနပညာရှင်များက အမျိုးသားများ
မျိုးမအောင်မှုနှင့်ပတ်သက်ပြီး သုတေသန ပြုလုပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကြွက်များတွင် မျိုးဗီဇကို ကြုံရာကျပန်းပြင်ပစ်ကာ မည်သည့်မျိုး ဗီဇချို့ယွင်းလျှင် မျိုးမအောင်ဖြစ်တတ်သနည်းဆိုခြင်းကို ရှာဖွေခဲ့ကြသည်။ သုက်ပိုးဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးသည့် ပရိုတိန်းတစ်မျိုးပါဝင်သော  Katanal1 မျိုးဗီဇကို တွေ့ရှိခဲ့ကြပြီး ယင်းပရိုတိန်း မရှိပါက သုက်ပိုးသည် အပြည့်အ၀ဖြစ် တည်မလာဘဲ ခန္ဓာကိုယ်ကယင်းတို့ကို ဖျက်ဆီးပစ်သည်ကို တွေ့ခဲ့ရသည်။

ယင်းဖြစ်စဉ်ကို လူသားများတွင်လည်း သုံးနိုင်ပါက လုံးဝ မျိုးမအောင်ခြင်းမျိုးမဟုတ်ဘဲ သုက်ပိုးကို မဖွံ့ဖြိုးစေလိုသည့် အချိန်တွင်သာ မဖွံ့ဖြိုးစေရန် ဟန့်တားနိုင်မည့် တစ်နည်းအားဖြင့် မျိုးမအောင်စေရန် တားလိုသည့် အချိန်တွင် တားနိုင်မည့် အနေအထားမျိုး ဖန်တီးလာနိုင်ရန်  မျှော်လင့်ချက် ရှိလာခဲ့ခြင်းဖြစ်သည်။

ဆေးထုတ်လုပ်ရေးမှာ ခက်ခဲဦးမည်ဖြစ်သော်လည်း လမ်းစတွေ့ထားပြီဖြစ်သောကြောင့် မကြာနိုင်တော့ကြောင်းလည်း လီစမစ်က သုံးသပ်သည်။


Ref: BBC

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။