MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီတွင် နယ်ပယ်စုံမှပညာရှင်များနှင့် လုပ်ငန်းရှင်အချို့ ပါဝင်မည်

နိုင်ငံတော်သမ္မတအား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအစရှိသော လူမှုစီးပွားရေးဆိုင်ရာများအား အကြံပြုတင်ပြမည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ ဖွဲ့စည်းရန် ပြင်ဆင်နေပြီး လျာထားစာရင်းအရ နယ်ပယ်စုံမှပညာရှင်များနှင့် လုပ်ငန်းရှင်အချို့ ပါဝင်လာနိုင်ကြောင်း သတင်းရရှိပါသည်။'အစည်းအဝေးခေါ်ရင်တော့ သွားတက်ဖြစ်တယ်။ ဘယ်တော့ ဖွဲ့မယ်ဆိုတာနဲ့ ဘယ်သူတွေ ဘာတာဝန်ယူမယ်ဆိုတာ မသိပါဘူး။ အဖွဲ့ဝင်တွေထဲမှာလည်း အပြောင်းအလဲ ဖြစ်နိုင်သေးတယ်လို့ သိရတယ်''ဟု လျာထား စာရင်းတွင် ပါဝင်နေသည့် ဦးသန်းလွင် (ဒုဥက္ကဋ္ဌ၊ ကမ္ဘောဇ ဘဏ်လီမိတက်)က ပြောကြားခဲ့ပါသည်။အကြံပေးအဖွဲ့ လျာထားစာရင်းတွင် ပါဝင်သူများမှာ ပါမောက္ခဦးမော်သန်း(ပါမောက္ခချုပ်(ငြိမ်း) ရန်ကုန်စီးပွားရေးတက္ကသိုလ်)၊
ဦးတင်ထွဋ်ဦး(CEO- ARDC)၊ ပါမောက္ခဒေါ်ခင်စန်းရီ(တာဝန်ခံပါမောက္ခချုပ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်)၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ဦး ဆက်အောင်(နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင်)၊ ဦးသန်းလွင်(ဒုဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်လီမိတက်)၊ ဒေါက်တာကျော်ရင်လှိုင် (ဟောင်ကောင် တက္ကသိုလ်)၊ ဦးတင်မောင်သန်း(Myanmar Egrass)၊ ဦးဝင်းအောင်(ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်)၊ ဦးလှမောင်ရွှေ(ဒုဥက္ကဋ္ဌ -ကုန်သည်။စက်မှုအသင်းချုပ်)၊ ဦး သောင်းတင်(ဒုဥက္ကဋ္ဌ-ကုန်သည်။စက်မှုအသင်းချုပ်)၊ ဒေါက်တာဇော် ဦး(ဗဟုဖွံ့ဖြိုးရေးအဖွဲ့)၊ ဦးကိုကို ကြီး(ဒိုင်းမွန်းစတားကုမ္ပဏီ)၊ ဦးသီဟန်မျိုးညွန့်(ဥပဒေပညာရှင်)၊ ဦးမိုး ကျော်(MMRD)၊ ဦးခင်မောင်အေး (ဥက္ကဋ္ဌ၊ သမ၀ါယမဘဏ်လီမိတက်) တို့ ပါဝင်ကြောင်း အကြံပေးအဖွဲ့ဝင် အချို့ထံမှ သိရပါသည်။

အဆိုပါ အကြံပေးအဖွဲ့ကို လွန်ခဲ့သော နှစ်လခန့်မှ စတင်ဖွဲ့စည်းရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ပညာရှင်များကို ဖိတ်ကြားကာ အစည်းအဝေး နှစ်ကြိမ် ပြုလုပ်ပြီးဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း အကြံပေးအဖွဲ့တွင် ပါဝင်လာနိုင် သည့် လျာထားစာရင်း ထွက်ပေါ်လာသော်လည်း အပြောင်း  အလဲရှိနိုင်ကြောင်းနှင့် မည်သည့်အချိန်တွင် တရားဝင်ဖွဲ့စည်းမည်ကိုလည်း မသိရှိရသေးကြောင်း လျာထားစာရင်းတွင် ပါဝင်သူအချို့ထံမှ သိရပါသည်။ လက်ရှိ၌ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ သုံးဖွဲ့ရှိပြီး ၎င်းတို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေအဖွဲ့များ ဖြစ်ကြကြောင်း သိရသည်။





News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။