MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 29, 2012

CBS စနစ်သို့ ပြောင်းလဲသဖြင့် မေ(၃ဝ)ညလယ်တွင် မိုဘိုင်းဆက်သွယ်မှူလိုင်းအား ခေတ္တဆိုင်းငံ့



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ရန်ကုန်မြို့အလုံအိတ်ချိန်းရှိ CDMA ( 450 MHz ) Prepaid/postpaid မိုဘိုင်းတယ်လီဖုန်းများအတွက် အသုံးပြုနေသော CBS စနစ်သို့ ပြောင်းလဲတပ်ဆင်သွား မည် ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက သိရှိရသည်။“  နိုင်ငံတကာမှာအသုံးပြုနေတဲ့ စနစ်များလိုဖြစ်အောင်၊ အခုလို ခေတ်မီတဲ့ ငွေကောက်ခံတဲ့ စက်ကိရိယာတွေနဲ့   ပြောင်းလဲတပ်ဆင် ရတာပါ”
ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
 
CDMA ( 450 MHz ) Prepaid/postpaid များအား Cutoverပြုလုပ်ခြင်းအား မေ(၃ဝ) ရက် (ဗုဒ္ဓုဟူးနေ့) ည(၁၂)နာရီ မှစ၍ မိနစ် ၂၀ ခန့် အကြာ  ပြုလုပ်သွားမည်ဖြစ်သဖြင့် မိုဘိုင်းဖုန်းဆက်သွယ်မှူလိုင်းများအား ခေတ္တဆိုင်းငံ့ ထားမည်ဖြစ်ကြောင်း သိရသည်။
 
“ မိနစ်နှစ်ဆယ်လောက်ပဲ ဆိုရင်တော့ ပြဿနာမရှိပါဘူး။ အရင်လို မပြောမဆိုနဲ့ ဘာမှဆက်လို့ မရတော့ တာနဲ့စာရင် အများကြီး သက်သာတာပေါ့။ အဲဒီအချိန်တော့ ဖုန်းသုံးတာလည်း သိပ်မရှိပါဘူး ” ဟု ရန်ကုန်မြို့ ခံကိုနိုင်လင်းက ပြောသည်။
 
CBS စနစ်သို့ ပြောင်းလဲတပ်ဆင်စဉ်ကာလအတွင်း CDMA ( 450 MHz ) နှင့် CDMA ( 800 MHz ) စနစ် အသုံးပြုနေသော မိုဘိုင်းဖုန်းများ ဆက်သွယ်မှူခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။
 
CDMA 450 နှင့် 800 Mhz ဖုန်းများပြောဆိုခများအား လာမည့် ဇူလိုင်လမှစ၍ Prepaid စနစ်သို့ ပြောင်းလဲ အသုံးပြုနိုင် မည်ဖြစ်ကြောင်း    သိရှိရသည်။
 
လက်ရှိ တွင် CDMA 450,800 Mhz ဖုန်းများကို Prepaid စနစ် ပြောင်းလဲလိုသူများ အနေဖြစ် စတင် ပြောင်းလဲ အသုံးပြုနိုင်ရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ထိုကဲ့သို့ ပြောင်းလဲရာတွင် မိမိဖုန်းအတွင်း Message Box ထဲသို့ ၀င်ကာ 18812 အား ရိုက်ထည့်၍  Yes လုပ်ကာ ပေးပို့ရမည်   ဖြစ်သည်။  CDMA 450,800 Mhz ဖုန်းများအား Prepaid လုပ်ဆောင်လိုသူများ အနေဖြစ် ဇူလိုင်လ(၁)ရက်နေ့တွင် စတင်ပြီး အသုံးပြုနိုင်ကြောင်းသိရသည်။


မြစ်မခ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။