MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 18, 2012

၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာ ကာတွန်းဆရာများအား ဖိတ်ခေါ်ထား


e578

ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာကာတွန်းဆရာများအား ဖိတ်ခေါ်ထားပြီး မြန်မာကာတွန်းဆရာများ အနေဖြင့်လည်း စိတ်ပါဝင်စားမှုရှိကာ ပြိုင်ပွဲဝင်နိုင်ရန် ပြင်ဆင်မှုများလည်း ရှိသည်ဟု သတင်းရရှိသည်။ ယင်းကာတွန်းပြိုင်ပွဲသို့ ယခင်နှစ်များကလည်း မြန်မာကာတွန်းဆရာများ အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများလည်း ရရှိခဲ့ဖူးသည်ဟု သိရသည်။
“ဒီပြိုင်ပွဲကအရင်ကလည်း မြန်မာကာတွန်းဆရာတွေ ၀င်ပြိုင်ခဲ့ဖူးသလို ဆုရရှိတာတွေလည်း ရှိခဲ့ဖူးတဲ့ အတွက် အခုနှစ်ကိုလည်း ထပ်ပြီး ပြိုင်ပွဲဝင်ကြဖို့ ဖိတ်ခေါ်တာပါ။ အဓိ ကတော့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိနိုင်တဲ့ အခွင့်အရေးရှိတာကြောင့် ကျွန်တော်တို့ လူငယ်ကာတွန်းဆရာတွေ အနေနဲ့လည်း
စိတ်ပါဝင်စားမှု ရှိပါတယ်။ ပြိုင်ပွဲဝင်ဖို့ကိုလည်း ပြင်ဆင်နေကြတာတွေ ရှိတယ်” ဟု လူငယ်ကာတွန်းဆရာ ရွှေလူက ရှင်းပြခဲ့သည်။
ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon နိုင်ငံတကာ ကာတွန်းပြိုင်ပွဲတွင်  New City& Eco Story ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကြိုက်နှစ်သက် ရာပုံစံ၊ အရောင်တို့ဖြင့် ရေးဆွဲယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။ ယှဉ်ပြိုင်လိုသူများ အနေဖြင့် မိမိရေးဆွဲထားသည့် ကာတွန်းလက်ရာနှင့်အတူ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အလုပ်အကိုင်နှင့် အသက်များကို တစ်ပါတည်း ရေးသားကာ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဟု သိရသည်။ ဆုများအဖြစ် Grand prize ကိုဒေါ်လာ ၃၀၀၀၊ Gold prize  ကို ဒေါ်လာ၁၀၀၀၊ Silver prize  ကို ဒေါ်လာ ၅၀၀၊ Bronze prize  ကို ဒေါ်လာ ၃၀၀ ဟု သတ်မှတ်ထားသည်ဟု သိရသည်။ ဆုရရှိ သည့် ကာတွန်းလက်ရာများကို အောက်တိုဘာလတွင် ပြပွဲပြုလုပ် ပေးသွားမည် ဟု သိရှိရသည်။



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။