MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 22, 2012

အမြန်ချောပို့လုပ်ငန်း (EMSI ) အား နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ရရှိရန် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီသုံးခုက ကမ်းလှမ်းထားကြောင်း သိရ


73314

ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေး နန်းဝန်ကြီးဌာန လက်အောက်ရှိ အမြန်ချောပို့လုပ်ငန်း EMSI (International Express Mail Services) အား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီသုံးခုက နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့် ရရှိရန် ၀န်ကြီးဌာနသို့ ကမ်းလှမ်းထားကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။အဆိုပါ ဆက်သွယ်ရေး၊ စာ တိုက်နှင့် ကြေးနန်းဝန်ကြီးဌာနလက် အောက်ရှိ အမြန်ချောပို့လုပ်ငန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများက နှစ်ရှည်ငှားရမ်းလုပ်ကိုင်ရန် ၀န်ကြီးဌာနသို့
တင်ပြထားပြီး ဖြစ်ကြောင်း၊ သို့သော်ဝန်ကြီးဌာနအနေဖြင့် ဆွေးနွေးမှုများသာ ပြုလုပ်လျက်ရှိသေးကြောင်း သိရှိရသည်။
လက်ရှိတွင်လုပ်ကိုင်မည့် ကုမ္ပဏီများအား စိစစ်နေကြောင်း၊ စိစစ်ကာလပြီးသွားပါက နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ပေးသွားမည် ဖြစ်ကြောင်း၊ ယခုလက်ရှိ နှစ်ရှည်ငှားရမ်းခွင့် လျှောက်ထားသော ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများအား အသိပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါတာဝန်ရှိသူထံမှ သိရှိရသည်။
“အခုနှစ်ရှည် ငှားရမ်းလုပ်ကိုင် ခွင့်လျှောက်ထားတဲ့ ကုမ္ပဏီတွေ ဒီလုပ်ငန်းကို အမြတ်အတွက်ချည်းပဲ ငှားရမ်း လုပ်ကိုင်ခွင့်ပေးမှာ မဟုတ်ဘူး။ လုပ်ငန်းကို ဘယ်လောက်အဆင့် မြှင့်တင်မလဲ၊ ဘယ်လို ၀န်ဆောင်မှုကောင်းတွေ ပြုလုပ်မလဲ၊ အဲဒါတွေကို စိစစ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ပြီးမှဝန်ကြီး ဌာနအကြီးအကဲတွေက ဆုံးဖြတ်ပြီး ပေးသွားမှာပါ”  ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
လက်ရှိဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်တွင်ရှိသော EMSI (International Express Mail  Services ) အမြန်ချောပို့မှာ ပြည်လမ်း စမ်းချောင်းမြို့နယ်တွင်ရှိပြီး နိုင်ငံပေါင်း ၁၀၂ နိုင်ငံနှင့် ဆက်သွယ်၍ ၀ ဒသမ ၅ ကီလိုဂရမ် မှ ၂၀ ကီလိုဂရမ်အထိ တင်ပို့ခြင်း၊ တင်သွင်းခြင်းများ ပြုလုပ်နိုင်ကာ ၀န်ဆောင်ခအနေဖြင့် င်္ FEC20 မှ FEC 329 အထိ နိုင်ငံပေါ်မူတည်၍ ပေးဆောင်ရကြောင်းလည်း သိရှိရပါသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။