MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 18, 2012

Facebook ရှယ်ယာများ ၀ယ်နိုင်ပါပြီ


နယူးယောက်မြို့ အီလက်ထရွန်နစ် စတော့ဈေးကွက် NASDAQ ၏ ယမန်နေ့က မြင်ကွင်း (ဓာတ်ပုံ - Getty Images)အင်တာနက်တွင် သြဇာအရှိန်အ၀ါ ကြီးမားလှသော Google က စတော့ ရှယ်ယာ ဈေးကွက်တွင် ၂၀၀၆ ခုနှစ် ကတည်းက ရောက်ရှိနေခဲ့ပြီးဖြစ်သည်။
Facebook ရှယ်ယာတစ်ခုလျှင် ၃၈ ဒေါ်လာ ဖြင့် ယနေ့ စတင်ရောင်းချနေပြီ ဖြစ်သည်။ ရှယ်ယာ တစ်ခုလျှင် ၂၈ ဒေါ်လာသာ ရှိခဲ့ရာမှ ထုတ်ရောင်းမည့်ရက် နီးကပ်လာသည်နှင့်အမျှ စိတ်ဝင်တစား ရင်းနှီးမြှုပ်နှံလိုသူ များပြားလာပြီး ယခုကဲ့သို့ ဈေးတက်လာခြင်းဖြစ်သည်။ရှယ်ယာ အများအပြား ထုတ်ရောင်းနေသဖြင့် Facebook က အမြတ်အများအပြား ရရှိနေသည်။ ထို့အပြင် ယခင်ကတည်းက ရှယ်ယာပိုင်ထားသူများ၏ ပိုင်ဆိုင်မှုများလည်း တိုးပွားလာသည်။Facebook ၏ ရှယ်ယာတန်ဘိုး ဒေါ်လာ ဘီလျံ ၁၀၀ ကျော်သွားပြီဖြစ်ရာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးများ ဖြစ်သည့် Amazon.com, Disney နှင့် Kraft တို့ထက် သာလွန်သွားပြီဖြစ်သည်။

စိတ်ဝင်စားသူများ ရှယ်ယာ ၀ယ်ယူနိုင်ရန် ရှယ်ယာများ ပိုမိုဖန်တီးပြီး ရောင်းချမည်ဟု မကြာသေးမီက ထုတ်ပြန်ကြေညာစဉ် ဒေါ်လာ ၇၅ ဘီလျံသာ ရှိသေးသည်။

လွန်ခဲ့သည့် ၈ နှစ်က စတင် ထူထောင်စဉ် Facebook တွင် ၀င်ငွေ မရှိခဲ့သော်လည်း ကမ္ဘာတလွှား Facebook အသုံးပြုသူ အဆမတန် များပြားလာသည်နှင့်အမျှ ကြော်ငြာလုပ်ငန်းမှ ၀င်ငွေများ ဒလဟော ရလာသည်။

ယခု Facebook သုံးစွဲသူ သန်းပေါင်း ၉၀၀ ရှိနေသဖြင့် ကမ္ဘာ့အကြီးဆုံး အင်တာနက်လူမှုကွန်ရက် ဖြစ်လာသည်။

ပြီးခဲ့သည့် တနင်္လာနေ့က အသက် ၂၈ နှစ် ပြည့်သွားပြီဖြစ်သော Facebook ၏ အမှုဆောင်အရာရှိချုပ် Zuckerberg ကလည်း သူပိုင်ဆိုင်သည့် အစုရှယ်ယာတချို့ကို ထုတ်ရောင်းမည်ဟု ဆိုသည်။

Zuckerberg က သူပိုင်သည့် ရှယ်ယာပေါင်း ဒေါ်လာ သန်း ၃၀ ဖိုးခန့် ထုတ်ရောင်းရန် အသင့်ဖြစ်နေသော်လည်း Facebook ၏ အစုရှယ်ယာ အများဆုံးကို ပိုင်ဆိုင်သူဖြစ်နေဦးမည်ဟု အင်တာနက်သတင်းများက ဆိုသည်။






မိုးမခအထောက်တော် အမှတ် ၀၀၉
မေ ၁၈၊ ၂၀၁၂

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။