MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 20, 2012

Facebook တည်ထောင်သူသည် ရှယ်ယာများရောင်းပြီး မင်္ဂလာပွဲ ကျင်းပခဲ့။



အမေရိကန်နဲ့ ကမ္ဘာတ၀ှမ်းမှာ ပရိသတ်အများဆုံးကို လွှမ်းမိုးထားတဲ့ အင်တာနက် လူမှုကွန်ယက် Facebook ထူထောင်သူ မတ်ဇူကာဘတ်တယောက် တနေ့က အသက် ၂၈ နှစ်ပြည့်၊ သူ့ကုမ္မဏီကို အဲသည်နေ့မှာ အများပိုင်ရှယ်ယာလုပ်ငန်းအဖြစ် ထုတ်ရောင်းပြီး ဘီလျံနာဖြစ်၊ နောက်တရက် မေ ၁၉  မှာတော့ဖြင့် သူရဲ့ ၈ နှစ်တာ လက်တွဲခဲ့သူ ရည်းစား ပရက်စီလာ ဆိုတဲ့ အာရှနွယ်အမျိုးသမီးနဲ့ မင်္ဂလာဆောင်လိုက်ပြီ ဖြစ်ပါတယ်။
 ဟားဗတ်တက္ကသိုလ်မှာ ဖေ့စ်ဘွတ်မထောင်ခင်ကတည်းက ချစ်ကြိုက်ခဲ့ပြီး ယူစီဆန်ဖရန် တက္ကသိုလ်မှာ ဆရာဝန်ဘွဲ့
ဆက်လက်ယူနေသူ ပရက်စီလာနဲ့ အခုလို မင်္ဂလာပေါင်းတွေ ပေါင်းစုံတဲ့နေ့မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ပရက်စီလာကိုယ်တိုင်ကလည်း သောကြာနေ့မှာ ဘွဲ့နှင်းသဘင်တက်ခဲ့တာလို့ ဆိုပါတယ်။
မင်္ဂလာဆောင်လိုက်တာကို လုပ်ဖော်ကိုင်ဖက်တွေကိုယ်တိုင်က မမျှော်လင့်ထားတာကြောင့် အလွန် အံ့သြ၀မ်းသာ ဖြစ်ကြတယ်လို့ သိရပါတယ်။ မင်္ဂလာဆောင်ကို သူတို့ဆီလီကွန်တောင်ကြား၊ ပလိုအာတိုမြို့နယ်က နေအိမ် ခြံဝင်းထဲမှာ ကျင်းပတယ်။ သူတို့အကြိုက် ဆူရှီ ဂျပန်စာနဲ့ ဧည့်ခံခဲ့ပါတယ်။
ဖေ့စ်ဘွတ်မှာ မတ်ဇူကာဘတ်ရဲ့ အင်တာနက်မိတ်ဆွေ  သန်းချီသော်လည်း သူတို့မင်္ဂလာဆောင်အကြောင်းကို သတင်းဌာနကြီးများက ထုတ်ပြန်မှပဲ သိရှိကြတာကြောင့် ဖေ့စ်ဘွတ်က အင်တာနက်သတင်းနဲ့ အတင်းတွေမှာ ဒီတချီမှာတော့ ခေတ်နောက်ကျသွားတယ်လို့ ဆိုရပါမယ်။


 မိုးမခ


No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။