MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 13, 2012

(ဘီ) ပိုးဆေးပေးခြင်း Hepatitis B medical treatment


• ဆေးကုသတာရဲ့ရည်ရွယ်ချက်ကတော့ ဗိုင်းရပ်စ်ပိုးတွေ တက်ကြွမနေအောင်၊ အသဲထဲမှာ ပွါးများ မလာစေအောင် လုပ်တာ ဖြစ်တယ်။ ဆေးကနေ အဲလိုလုပ်ပေးတဲ့နောက်မှာ ကိုယ့်ခုခံအားကနေ ပိုးတွေကို နှိမ်နိုင်လာမယ်။ အသဲကိုလဲ ဆက်ပြီး ပျက်စီးတာ မဖြစ်အောက် ကာကွယ်ပေးနိုင်မယ်။ အသဲခြောက်တာ၊ အသဲကင်ဆာ ဖြစ်မလာစေဘူး။
• အသဲရောင် (ဘီ) ပိုးကူးစက်ခံရသူတွေထဲက ၉၅% မှာ သူ့အလိုလို ရောဂါပိုးတွေ ရှင်းသွားနိုင်တယ်။ ဆေး မလိုဘဲ ရှင်းသွားတာကို ဆိုလိုတယ်။ တချို့မှာတော့ နာတာရှည် အသဲရောင် ဖြစ်နိုင်တယ်။ ၆ လနေလို့မှ ပိုးကင်းရှင်း မသွားရင် အဲလိုဖြစ်လာနိုင်တယ်။ အသဲရောဂါဖြစ်လာမယ် အသဲထဲမှာ ပိုးတွေက ပွါးများလာမယ်။ ဆေးကုသဘို့ လိုနိုင်တယ်။
• နာတာရှည် အသဲရောင်အတွက် လောလောဆယ် ဆေး ၃ မျိုးသုံးနေတယ်။ (၁) Pegylated Interferon

(Peginterferon) (၂) Lamivudine နဲ့ (၃) Adefovir (ADV) တွေဖြစ်တယ်။ တတိယဆေးက ဒုတိယဆေး မတိုးသူတွေကို ပေးတယ်။ Lamivudine ကို အများဆုံး သုံးနေတယ်။
• ဆေးမပေးခင် HIV နဲ့ Hepatitis C ရှိ-မရှိ စစ်မယ်။ Hepatitis A vaccine ကာကွယ်ဆေးလဲ ထိုးပေးမယ်။

1. Peginterferon ဆေးဆိုတာ ဗိုင်းရပ်စ်ကို ခံတိုက်ဘို့ရာ လူ့ကိုယ်ထဲကနေ အလိုလိုထုတ်ပေးတာမျိုး ဖြစ်တယ်။ ဒီဆေးကြောင့် ဗိုင်းရပ်စ်တွေ ပွါးများလာမှာကို တားဆီးမယ်။ ဒီဆေးကို အရေပြားအောက်မှာ တပါတ်တခါ၊ ၆-၁၂ လကြာထိုးပေးရတယ်။
• နာတာရှည် အသဲရောင်လို့ ဒီဆေးထိုးသူတွေထဲက ၃၅% မှာ ရေရှည်အကျိုးရတာ တွေ့ရတယ်။ ဆေးးစ်ရင် ဗိုင်းရပ်စ်တွေ များလာတာက ရပ်သွားတာတွေ့ရမယ်။ အသဲအလုပ်လဲ ပုံမှန်ဖြစ်နေမယ်။
• ဆေးရပ်ပြီးနောက် ပိုကောင်းလာမျိုးလဲ ရှိတယ်။
• တချို့မှာ ဆေးကုသမှုခံယူနေရင် အခိုက်အတန့်လောက် အသဲရောင်တာ ပိုဆိုးလာတတ်တယ်။ ဒီလို ဖြစ်တာကို Hepatitis B flare လို့ခေါ်တယ်။ တခါတလေ ပိုးတွေရှင်းသွားပြီး၊ အသဲလဲ အလုပ် ပုံမှန် လုပ်နိုင်လာကြတယ်။
• ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ အများအားဖြင့် တုပ်ကွေးမိသလို ဖြစ်တာပါဘဲ။ ကိုယ်ပူ၊ ချွေးထွက်၊ အဆစ်တွေနာ၊ ခေါင်းကိုက်။ Paracetamol ပါရာစီတမောကို ၄ နာရီတခါသောက်ရင် သက်သာမယ်။ ဖြစ်ကာစသာဆိုးတယ်။ တချို့မှာ စိတ်ဓါတ်ကျမယ်၊ စိတ်မူပြောင်းတယ်။ ဆံပင်ကျွတ်တာ၊ ကိုယ်အလေးချိန် ကျတာတွေလဲ ဖြစ်နိုင်တယ်။ ဆိုးကျိုးက ဆိုးတာဖြစ်နေရင် ဆေးလျှော့ပေးတာ၊ ဆေး ခဏနားထားတာလဲ လုပ်နိုင်တယ်။

2. Lamivudine ဆေးဆိုတာ၊ သောက်ဆေးဖြစ်တယ်။ ဗိုင်းရပ်စ်ကို ပျက်စီးစေမယ်။ ပွါးများတာကို တားပေးမယ်။
• တနေ့ ၁ လုံး၊ ၁ နှစ် အနည်းဆုံး သောက်စေတယ်။
• နာတာရှည် အသဲရောင်လို့ ဒီဆေးသောက်ရသူထဲက ၂ဝ-၃ဝ% မှာ ရေရှည် အကျိုးများစေတာ တွေ့ရတယ်။
• ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ မဆိုးပါ။ ခေါင်းကိုက်၊ ဗိုက်နာ၊ ဝမ်းပျက်၊ မောပန်း၊ အားယုတ်။ ဆေးကို စောပြီး မသောက်ဘဲရပ်လိုက်တာ မကောင်းဘူး။ တချို့မှာ ဆေးယဉ်လာတတ်တယ်။

3. Adefovir ဆေးဆိုကို Lamivudine ဆေးယဉ်သူတွေအတွက် သုံးတယ်။ တနေ့ ၁ လုံးသောက်ရတဲ့ဆေး ဖြစ်တယ်။

Dr. တင့်ဆွေ
၁၃-၅-၂ဝ၁၂

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။