MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား ကရုဏာကြေး သုံးလစာနှင့် ငါးလစာထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း ကြေညာ

Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား လစာငွေ၏ သုံးလစာနှင့် ငါးလစာ ကရုဏာကြေးများ ထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း စက်ရုံဝင်းအတွင်းနှင့် စက်ရုံရှိ အလုပ်သမား အဆောင်များတွင် စာရွက်များကပ်၍ ကြေညာခဲ့သည်ဟု Hi Mo ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမားများ၏ ပြောကြားချက် အရ သိရှိရသည်။
“စာရွက်တွေကို ဒီနေ့မနက် စောစောမှာ စက်ရုံအတွင်းနဲ့ စက်ရုံ အဆောင်မှာ လာကြဲချသွားတယ်။ စာထဲမှာတော့ စက်ရုံက တစ်လစာပေးမယ့် လခနှုန်းထားကို ကပ်ထား တယ်။ သဘောမတူတဲ့သူတွေက လုပ်သက် သုံးနှစ်အောက်ကို လစာ ရဲ့သုံးလစာ၊ လုပ်သက် သုံးနှစ်နဲ့ အထက်ကို လစာရဲ့ငါးလစာ ကရုဏာ ကြေးထုတ်ပေးမယ်။ လျော်ကြေး မဟုတ်ပါဘူး။ ပြီးရင် အလုပ်ကထွက်နိုင်တယ်။ စက်ရုံကိုတော့
ပိတ်မယ် လို့မရေးထားဘူး။ ဒီအတိုင်းဖွင့်ထားမယ့် သဘောရှိတယ်”ဟု Hi Mo ဆံပင်တုစက်ရုံ အလုပ်သမား ကိုယ်စားလှယ်များက မေလ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။
Hi Mo ဆံပင်တုစက်ရုံတွင် အလုပ်သမား ၁၉၅၀ ရှိပြီး ဆန္ဒပြအလုပ်သမား ၁၉၅၀ များမှ အဆိုပါ ကြေညာချက်ကို သဘောတူခြင်းမရှိကြောင်း၊သက်ဆိုင်ရာများသို့ စာတင်၍ ဆက်လက်ဆန္ဒပြ တောင်းဆို သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အလုပ်သမားအားလုံး သဘောမတူပါဘူး။ အလုပ်သမားဝန်ကြီးဌာနနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေရဲ့အကူအညီနဲ့ သက်ဆိုင်ရာကို ထပ်ပြီး စာတင်သွားပါမယ်။ အလုပ်သမားတွေကိုတော့ လုပ်ငန်းခွင်ပြင်ပ မှာနေပြီး ဒီအတိုင်း ဆန္ဒမပြခိုင်းတော့ဘူး။ ကလေးတွေ ပင်ပန်းတယ်။ လိုအပ်မှ အားလုံးစုကြပါမယ်” ဟု အလုပ်သမားကိုယ်စားလှယ်များမှ ထပ်မံပြောကြားခဲ့ပါ သည်။
Hi Mo ဆံပင်တုစက်ရုံသည် ကိုရီးယားလူမျိုးပိုင် စက်ရုံဖြစ်ပြီး မေ လ ၉ ရက်နေ့မှ စတင်ကာ အလုပ် သမားဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ သုံးကြိမ်စလုံး အလုပ်ရှင်ဘက်မှ ချိုး ဖောက်ခဲ့ကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရှိရပါသည်။






News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။