MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 21, 2012

High-Art ဆံပင်တုစက်ရုံမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်တောင်းဆိုမှု ထပ်မံဖြစ်ပွား

လှိုင်သာယာစက်မှုဇုန်(၄)ရှိ High-Art (HiMo)  ဆံပင်တုစက်ရုံဘက်မှ ညှိနှိုင်းလစာအတိုင်း ပေးမည်ဟုဆိုကာ စာချုပ်ချုပ်ဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ မေလ ၁၇ ရက်နေ့တွင် ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ဆံပင်တုစက်ရုံမှ အလုပ်သမားများသည်မေလ ၉ ရက်နေ့နှင့် မေလ ၁၀ ရက်နေ့များတွင် လုပ်ခလစာနှင့်ပတ်သက်၍ ဆန္ဒ ထုတ်ဖော်တောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီး မေလ ၁၀ရက်နေ့တွင် အလုပ်ရှင်နှင့် အလုပ်သမားများ ညှိနှိုင်းပြေ လည်မှု ရရှိခဲ့ကြောင်း၊ သို့သော် စက်ရုံဘက်မှ အဆိုပါ ညှိနှိုင်းထားသည့်အချက်များအတိုင်း
 ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် မေလ ၁၅ ရက်နေ့တွင် ဒုတိယအကြိမ်
ဆန္ဒပြ တောင်းဆိုမှု ထပ်မံဖြစ်ပွားခဲ့ကာ အလုပ်သမားဝန်ကြီးဌာနမှ ညှိနှိုင်း ပေးသဖြင့် မေလ ၁၆
ရက်နေ့တွင် ပြေလည်မှု ရရှိသွားကြောင်း သိရသည်။

ထိုသို့ ညှိနှိုင်းပြေလည်၍ စက်ရုံဘက်မှ အလုပ်သမားများကို လုပ်ခလစာ တိုးမြှင့်ပေးခြင်းအား တရားဝင်စာဖြစ် ထုတ်ပြန်ပေးရန် အလုပ်သမားများဘက်မှ တောင်းဆိုရာ စက်ရုံဘက်မှ ထုတ်ပြန်ပေးခြင်းမရှိသောကြောင့် မေလ ၁၇ရက်နေ့ မွန်းလွှဲ ၁၂ နာရီခန့်မှစတင်ကာ တတိယအကြိမ်မြောက် ဆန္ဒပြတောင်းဆိုမှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ထပ်မံဆန္ဒထုတ်ဖော် တောင်းဆိုဖြစ်ပွားမှုအား အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်ညှိနှိုင်းလျက်ရှိပြီး အလုပ်သမားများ တောင်ဆိုထားသော အခြေခံလစာ ၈၀၀၀ ကျပ်အား ကျပ် ၃၀၀၀၀ သို့ စက်ရုံဘက်မှ တိုးမြှင့်ပေးနိုင်ခြင်း မရှိကြောင်း၊ အခြေခံ လစာကျပ် ၈၀၀၀ အား ၁၈၀၀၀ သို့ တိုးမြှင့်ပေးမည်ဖြစ်ကာ ရက်မှန်ကြေးကျပ် ၅၀၀၀ နှင့် စုစုပေါင်း ကျပ်၂၃၀၀၀ သာ တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်






News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။