MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 21, 2012

(၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ HIV/AIDS မီးထွန်းဆုတောင်းပွဲ ကျင်းပ


၂၉ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ HIV/AIDS   ဝေဒနာရှင် များအတွက်
 မီးထွန်းဆုတောင်းပွဲ ကို မေလ ၁၈ ရက်နေ့က ရန်ကုန် မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဥယျာဉ်တွင် ကျင်းပခဲ့သည်။အဆိုပါ ဆုတောင်းပွဲကို HIV/AIDS   ဖြင့်သေဆုံးသူများကို ပြန်လည်အောက်မေ့ခြင်းနှင့်
 ဝေဒနာ ခံစားနေရသူများကို အားပေးခြင်းများ ပြုလုပ်မှုအနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း
 သိရသည်။အခမ်းအနားတွင် ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန်၊ ဟိန္ဒူ စသည့်ဘာသာများ၏ ဘာသာရေး ခေါင်းဆောင်များမှ AIDS ဖြင့် ကွယ်လွန်ခဲ့သူများနှင့် လက်ရှိ ဝေဒနာခံစားနေရသူများအတွက်
ဆုတောင်းမေတ္တာ ပို့သခြင်းများ ပြုလုပ်ခဲ့ပြီး၊ အဆိုပါဝေဒနာရှင်များအတွက် မီးထွန်းညှိပြီး နှစ်မိနစ် ငြိမ်သက်ဆုတောင်းခြင်းနှင့် အင်းလျားကန်အတွင်း မီးမျောဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုတောင်းပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များနှင့် အိတ်ခ်ျအိုင်ဗွီဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော ရပ်ရွာအခြေပြု ကွန်ရက်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။













News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။