MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 13, 2012

ILO အုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌက ပြည်တွင်းအလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး လွတ်လပ်စွာ အသင်းများ ဖွဲ့စည်းခွင့် အခြေအနေများအား လေ့လာ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ Mr. Greg Vines နှင့် အခြားတာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်ပြီး ပြည်တွင်းမှ အလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး အခြေအနေနှင့် လွတ် လပ်စွာ အသင်းများ ဖွဲ့စည်းခွင့် အခြေအနေများအား လေ့လာခဲ့သည်ဟု သတင်းရရှိသည်။
''လာမယ့် ဇွန်လ ဒုတိယပတ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ တင်ပြဖို့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အတည်ပြုချက်ယူတဲ့ သဘောပါပဲ''ဟု အဆိုပါ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးသို့ Facilitator အဖြစ် တက်ရောက်ခဲ့သူ ကိုသန့်ဇင်ဦးက ပြောကြားခဲ့သည်။ILO အနေနှင့် ယခင်က ဆုံးဖြတ်ခဲ့သော

အဓမ္မစေခိုင်းမှုနှင့် လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့် အခြေအနေအား ပြန်လည်သုံးသပ်ပြီး ပြောင်းလဲ
လာသော နိုင်ငံရေးအခြေအနေနှင့် အသင်းဖွဲ့စည်းခွင့်များနှင့် ပတ်သက်၍ ကိုယ်တိုင်မျက်မြင်ကြုံတွေ့
 မေးမြန်းရသည်များကို စာတမ်းပြုစုကာ ILO ရုံးချုပ်သို့ အကြံပြုစာတင်ပြမည်ဟု သိရသည်။
ILO အုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌက အလုပ်သမား အဖွဲ့အစည်းများ ကြုံတွေ့နေရသော လုပ်ကိုင်မှုများနှင့် အတွေ့အကြုံများကို နားထောင်ပြီး ရှေ့ဆက်ဆောင်ရွက်သင့်သည်များကို အကြံပြုပေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အလုပ်သမား ကိုယ်စားလှယ်များက အနိမ့်ဆုံး အခြေခံအလုပ်သမားလစာကို အာဆီယံနိုင်ငံများရှိ လစာနှုန်းထားများနှင့်ညှိ၍ သတ်မှတ်ပေးရန်၊ မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရန်အတွက် စီးပွားရေး ပိတ်ဆို့မှုများကို အပြီးတိုင် ရုပ်သိမ်းပေးရေး တိုက်တွန်းပေးရန်၊ မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ကြီးများတွင် ILO ရုံးခွဲများ ဖွင့်လှစ်ပေးရန်နှင့် အလုပ်သမား အဖွဲ့အစည်း မှတ်ပုံတင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို တင်ပြခဲ့ကြကြောင်း သိရသည်။

''ကျွန်တော်တို့ ILO ကို ရုံးခွဲတွေ ဖွင့်ပေးဖို့ တောင်းဆိုထားတာ နှစ်နှစ်လောက် ရှိပါပြီ။ Traders ဟိုတယ်လို နေရာမျိုးက အဟန့်ကြီးတော့ သာမန်ဆင်းရဲသား ပြည်သူတက်လာဖို့ မလွယ်ပါဘူး။ ဒီတော့ အောက်ခြေ လူတန်းစားတွေကြားထဲက အဓမ္မစေခိုင်းမှုတွေကို လာတိုင်ကြားဖို့က နယ်တွေမှာကအစ ရုံးခွဲတွေ ဖွင့်ပေးဖို့ လိုပါတယ်''ဟု ကိုသန့်ဇင်ဦးက ဆက်လက် ပြောကြားခဲ့ပါသည်။
ILO အုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော အလုပ်သမားအရေးနှင့် ပွင့်လင်းမြင်သာမှုများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတွင် ဆွေးနွေးတင်ပြမည်ဖြစ်သဖြင့် စီးပွားရေး ပိတ်ဆို့မှုကို အပြီးတိုင် ရုပ်သိမ်းပေးရေးကိစ္စကိုလည်း တစ် ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ နောင်ဖြစ်လာမည့် အလုပ်သမား အဖွဲ့အစည်း အရေအတွက်ပေါ်မူတည်ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် ရုံးခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသွားခဲ့သည်။

News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။