MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပေးရေး MPU အဖွဲ့ အဆိုပြု

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်မပြုသ၍ မြန်မာ့နိုင်ငံရေးမှာ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလို့ ပြည်ပအခြေစိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU) က ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
AFP
ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် ၁၉၉၀ ရွေးကောက်ပွဲ အောင်နိုင်မှု နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာကြသူများကို ၂၀၀၈
ခုနှစ် မေလ ၂၇ ရက်နေ့က ကြိုဆိုနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ ထိုနေ့မှာပင် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အဖွဲ့ဝင်တချို့ ချီတက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့က လူစုကို ဖြိုခွဲပြီး လူ ၁၅ ဦး ဖမ်းဆီးခံခဲ့ရသည်။
မေလ (၂၇) ရက် ဒီကနေ့ဟာ ၁၉၉၀-ခုနှစ်တုန်းက စစ်အစိုးရ တာဝန်ရှိသူတွေ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့ပြီး မဲဆန္ဒနယ် (၄၈၅) နေရာမှာ NLD ပါတီက (၃၉၂) နေရာ အပြတ်အသတ် အနိုင်ရခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရ အဆက်ဆက်က အသိအမှတ် မပြုခဲ့ပေမယ့် ဦးသိန်းစိန် အစိုးရနဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော်က နည်းလမ်းတွေရှာပြီး အသိမှတ်ပြုမှသာ နိုင်ငံရေးပြဿနာတွေ ပြေလည်နိုင်ဖွယ်ရာ ရှိတယ်လို့  (MPU) အဖွဲ့  တွဲဖက်အတွင်းရေးမှူး ဦးမောင်မောင်အေးက ပြောပါတယ်။

"၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဒီ န၀တ နအဖအစိုးရ လက်ထက်က လစ်လျူရှုခဲ့တယ်။ အခု ဦးသိန်းစိန်အစိုးရ အနေနဲ့ ဆက်ပြီးတော့ တာဝန်ရှိတယ်လို့ ကျနော်တို့ မြင်တယ်။ ဦးသိန်းစိန်အစိုးရနဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော်က နည်းလမ်းတွေရှာပြီး ဘယ်လိုနည်းနဲ့ အသိအမှတ်ပြုမယ်ဆိုတာ ဆွေးနွေးစေချင်တယ်။  သမိုင်းဝင်ရွေးကောက်ပွဲ ရလဒ်ကို မဖြေရှင်းသမျှ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာတစ်ခုအဖြစ် ဆက်ရှိနေမယ်ဆိုတာကို ပြောချင်တာပါ။ လွှတ်တော်တွင်းမှာသာမကဘဲ လွှတ်တော်ပြင်ပမှာ အမျိုးသားညီလာခံလို ခေါ်ပြီး ဆွေးနွေးစေချင်တယ်လို့ ကျနော်တို့ တင်ပြထားပါတယ်။"

လက်ရှိ သြစတြေးလျနိုင်ငံမှာ နေထိုင်နေတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ မန္တလေးတိုင်းကိုယ်စားလှယ်တဦး ဖြစ်သူ ဦးမောင်မောင်အေး ပြောသွားတာပါ။

MPU ရဲ့ ကြေညာချက်ထဲမှာတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖို့၊ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ သက်ဆိုင်ရာ အင်အားစု အားလုံး ပါဝင်နိုင်မယ့် အမျိုးသား ညီလာခံကြီးတရပ် ခေါ်ယူပြီး နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။