MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

‘Nargis When Time Stopped Breathing’ ဇာတ်ကား ရုပ်ရှင်ပွဲတော်များတွင် ဆုများရရှိ



e7341

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခတ်မှုအပြီးတွင် မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ဧရာဝတီတိုင်းရှိ ရွာများသို့ သွားရောက်ကာပုံဖော် ရိုက်ကူးထားသည့် ‘Nargis When Time Stopped Breathing’ မှတ်တမ်းရုပ်ရှင် ဇာတ်ကားကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသခဲ့ကာ ဆုများလည်း ဆွတ်ခူးရရှိခဲ့သည်ဟု သတင်းရရှိသည်။အဆိုပါဇာတ်ကားကို ၂၀၁၀ ပြည့်နှစ်တွင် အပြီးသတ်ဖန်တီးနိုင် ခဲ့ပြီးနောက် နိုင်ငံတကာ ရုပ်ရှင်ပွဲ တော်များတွင်ပြသနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်တမ်း ရုပ်ရှင်ဇာတ်ကားတွင် နာဂစ်မုန်တိုင်း စတင်ချိန်မှ စတင်၍ တစ်လပြည့်ဆွမ်းကပ်ချိန် အထိကြားကာလတွင် မုန်တိုင်းဒဏ် ခံစားခဲ့ရသည့်
ဧရာဝတီတိုင်းအတွင်းရှိ ရွာများသို့သွားရောက်ကာ မုန်တိုင်းပြီးမြင်ကွင်းများ၊ အကူအညီလိုအပ်နေမှုများ၊ ဆင်းရဲဒုက္ခ ကြုံတွေ့ရမှုများ၊ မိသားစုများနှင့် ခွဲခွာခဲ့ရသူများကို အင်တာဗျူးပုံစံ အဖြစ်ရော၊ ၎င်းတို့လှုပ်ရှား ရုန်းကန်ရမှုဘ၀များကိုပါ ရိုက်ကူးတင်ပြထားခြင်းဖြစ်သည်။ လုံလောက်သည့် ကူညီကယ်ဆယ်မှုများ အချိန်မီ ရောက်ရှိမလာခြင်းကြောင့် ကိုယ့်အားကိုယ်ကိုးကာ ရှေ့ဆက်ရပ်တည်နိုင်ရန် ကြိုးပမ်းရသည်များကိုလည်း ရိုက်ကူးတင်ပြထားသည်။
ယင်းမှတ်တမ်း ဇာတ်လမ်းကို ရိုက်ကူးသူ ဒါရိုက်တာသည်မော်နိုင်သည် ပြည်တွင်းတွင်လည်း ၂၀၁၂ ခုနှစ်စက်တင်ဘာလတွင် ၀သန်ရုပ်ရှင်ပွဲတော်၌ ပြသရန် စီစဉ်ထားကာ ‘မင်္ဂလာပါဒီမိုကရေစီ’ ရုပ်ရှင်ပွဲတော်တွင်လည်း ပြသရန် စီစဉ်ထားသည်ဟု သိရှိရသည်။




News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။