MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 20, 2012

နှင်းဆီအဖွဲ့သားများ ပါဝင်ကပြမည့် သရဲလေးကောင် New Version ပြဇာတ်ကို ပြည်တွင်းပြည်ပ ဖျော်ဖြေပွဲများတွင် ကပြသွားမည်

နှင်းဆီအဖွဲ့သားများ ပါဝင် ကပြမည့် သရဲလေးကောင် New Version ပြဇာတ်ကို ပြည်တွင်းပြည်ပ ဖျော်ဖြေပွဲများတွင် တင်ဆက်ကပြသွားရန် စီစဉ်ထားသည်ဟု သတင်း ရရှိသည်။ အဆိုပါပြဇာတ်ကပြမှုကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က စီစဉ်တင်ဆက်ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းကပြရန် ဖိတ်ကြားခံထားရသည့် ပြည်ပဖျော်ဖြေပွဲများနှင့်ပြည်ပ ဖျော်ဖြေပွဲများတွင် တင်ဆက်သွားမည်ဟု သိရသည်။“နှင်းဆီအဖွဲ့သားတွေရဲ့ အငြိမ့် တင်ဆက်မှုကိုပုံစံတစ်မျိုး ပြောင်းလဲဖို့
စဉ်းစားနေတာတော့ကြာပါပြီ။ ဒီ နှစ်မှာတော့ထူးခြားတဲ့ တင်ဆက်မှု အဖြစ် သရဲလေးကောင်ပြဇာတ်ကို နှင်းဆီအဖွဲ့သားတွေနဲ့ ပြန်လည် အသက်သွင်းဖို့ စီစဉ်ဖြစ်ပါတယ်။ သရဲလေးကောင်ဆိုတာ တစ်ခေတ် တစ်ခါက ပြဇာတ်တစ်ခေတ်ကိုပုံစံ ပြောင်းစေခဲ့တာပါ။ ဒါကြောင့် New Version အနေနဲ့ပြန်လည် အသက်သွင်းရာမှာလည်း ထူးခြားတဲ့ တင်ဆက်မှုဖြစ်အောင်
ကြိုးစားထားပါတယ်။ သရဲလေးကောင်ရဲ့ အရင် စံချိန်ကိုပြန်ချိုးနိုင်အောင် ကြိုးစားမှာ ဖြစ်သလို နှင်းဆီအဖွဲ့သားတွေရဲ့ နောက်ထပ် အနုပညာဖန်တီးမှုအသစ် တစ်ခုလို့လည်း ပြောနိုင်ပါတယ်” ဟု ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) က ရှင်းပြခဲ့သည်။
သရဲလေးကောင် New Version ပြဇာတ်တွင် နှင်းဆီအဖွဲ့သားများ ဖြစ်သည့် ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မိုးမိုး၊ ရဲလေးတို့က သရဲလေးကောင် အဖြစ် ပါဝင်မည်ဖြစ်ပြီး နေတိုး၊ မိုးယုစံ၊မေကဗျာ၊ ဖူးစုံတို့က အခြားသော ဇာတ်ရုပ်များအဖြစ် ပါဝင်ကပြသွားမည်ဟု သိရသည်။ အဆိုပါ သရဲလေးကောင် New Version ၏ ပထမဆုံးအကြိမ် ကပြမှုအဖြစ် မြန်မာ့သြဘာ ကုမ္ပဏီမှ ပြုလုပ်သည့်ပွဲတွင် ကပြခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
နှင်းဆီအဖွဲ့သားများသည် ပြည်ပဖျော်ဖြေရေး ခရီးစဉ်အဖြစ် ဇူလိုင်လတွင် ဥရောပငါးနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာလတွင် ကိုရီးယားနိုင်ငံသို့ သွားရောက် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သိရသည်။



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။