MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 14, 2012

မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည်

2012-05-13
မန္တလေးတိုင်း အတွင်းက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံပြည်သူတွေ အတွက် NLD ပါတီက အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်သွားဖို့ ရှိကြောင်း သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ရန် ရောက်ရှိလာသော မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် (ရှေ့တန်း ၀ဲမှ တတိယ)ကို တွေ့ရစဉ်။
လောလောဆယ် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ရပ်ကွက် (၃) ခုအတွက် ဒီရက်ပိုင်းအတွင်း အခမဲ့ဆေးခန်း တစ်ခု စတင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်-ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။ "မဟာအောင်မြေ မဲဆန္ဒနယ်မှာ ရပ်ကွက်ကြီး ၁၈ ရပ်ကွက်လောက် ရှိပါတယ်။ အဲဒီမှာ ရပ်ကွက် ၃-၄ ရပ်ကွက်က ချို့ချို့ငဲ့ငဲ့ ရှိတဲ့သူတွေအတွက် ဒီကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက် အခမဲ့ ဆေးခန်းတစ်ခုဖွင့်ဖို့ သူတို့နဲ့ နက်ဖြန်ခါ ညှိမှာ ဖြစ်ပါတယ်။ နေရာလည်း ကြိုတင်ကြည့်ထားပြီးပါပြီ။" မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်း ရပ်ကွက် NLD ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနား အပြီး ဦးအုန်းကြိုင် က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးအုန်းကြိုင၊် ဒေါက်တာ ဇော်မြင့်မောင်တို့ဟာ NLD ပါတီ ရုံးခန်းဖွင့်ပွဲတွေကို ဒီရက်ပိုင်းအတွင်း လုပ်ဆောင်နေပြီး၊ မကြာခင်မှာ ရပ်/ကျေးအဆင့်ကနေ ဗဟိုအထိ NLD ပါတီ ညီလာခံတွေ စတင်ကျင်းပမယ့် ကိစ္စနဲ့ ပါတီခေါင်းဆောင်တွေကို ရွေးချယ်တင်မြှောက်ဖို့ အကြောင်းတွေကို လိုက်လံ ရှင်းပြနေကြောင်း သိရပါတယ်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။