MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

အများအကျိုးလုပ်ချင်၍ NLDပါတီသို့ ၀င်ခြင်းဟု လင်းလင်းဆို


ပါတီအကုန်လုံး၏ အကျိုးသာမက လူမျိုးအားလုံး၏ အကျိုးကိုပါ လုပ်ချင်၍ NLD ပါတီသို့ဝင်ခြင်းဖြစ်ကြောင်း တေးရေး၊ တေးဆို လင်းလင်းက ပြောသည်။
”ကိုယ်တတ်တဲ့ အနုပညာအားနဲ့ သီချင်းတွေရေးတဲ့အခါ နိုင်ငံအကျိုး၊ လူမျိုးအကျိုးကိုကြည့်ပြီး ရေးတာများပါတယ်။ အခုနောက်ပိုင်းမှာ ပြောင်းလဲမှုတွေလည်းစပြီး အရိပ် အယောင်လေးတွေလည်းတွေ့ရတဲ့အခါမှာ ကိုယ်ကိုယ် တိုင်လည်း နိုင်ငံအကျိုးကို စိတ်ဝင်စားတယ်။ အဲဒီအခါ ဒီထက်ပိုပြီးအားစိုက်နိုင်သလောက်
ထပ်လုပ်ချင်တယ်။ အဲဒါကြောင့် အခွင့်အရေးရရင်ရသလို လုပ်တတ်ပြီးတော့ အန်တီစုနဲ့ ပတ်သက်ပြီး ကိုယ်ကိုယ်တိုင်က လုပ်သမျှ၊ ဆုံးဖြတ်သမျှ၊ ရွေးချယ်သမျှကို ထောက်ခံတဲ့လူဆိုတော့ အန်တီစုရဲ့ NLD ထဲကိုဝင်ဖြစ်တယ်”ဟု ၄င်းကပြောသည်။
အဆိုပါခံယူချက်မှာ အဆိုတော် လင်းလင်းဟု မဖြစ်ခင်ကတည်းက ရှိခဲ့ပြီး သီချင်းရေးသည့် အခါတွင်လည်း အားလုံးအတွက် ရည်ရွယ်ပြီးရေးကြောင်း ၄င်းက ထပ်လောင်း ပြောသည်။
”အခု တတိယအခွေတည်နေပြီ။ ရှေ့ခွေတွေ အတိုင်းပါပဲ။ လူငယ်နဲ့ ပတ်သက်တဲ့အချစ်သီချင်း အကြောင်းအရာ တွေ၊ လူငယ်နဲ့ပတ်သက်တဲ့ စိတ်ဓာတ်တက်ကြွစေမယ့် အကြောင်းအရာတွေ ပါမယ်။ လူငယ်နဲ့ပတ်သက်တဲ့ အနာဂတ် အကြောင်းအရာတွေပါမယ်။ အဓိကကတော့ လူငယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပိုများတယ်။ ဘာလို့လဲဆိုတော့ ပြောင်းလဲမှု အကုန်လုံးကို လူငယ်တွေကပဲ ပြောင်းလဲနိုင်မယ်လို့ထင်လို့ လူငယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အဲဒီအခွေမှာ ပိုများမယ်”ဟု ၄င်းက ဆိုသည်။

ရဲရဲ (ရန်ကုန်၊ မေ ၂၁)
popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။