MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနား မန္တလေး NLD ဦးစီးကျင်းပ

2012-05-30
ဒီနေ့ ကျရောက်တဲ့ မေ ၃၀ ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို မန္တလေးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ဦးစီးကျင်းပပြီး အဲဒီနေ့က အသက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Ad Hoc Commission on Depayin Massacre (Burma)
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်အတွင်း အနှောင့်အယှက်ပေးခဲ့ကြသည့် လက်နက်ကိုင်လူတစုကို ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီ ဒီပဲယင်းမြို့နယ် ကျည်တောက်ပေါက် ကျေးရွာအနီးတွင် ၂၀ဝ၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့မြင်ရသည့်
မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။(Photo: Ad Hoc Commission on Depayin Massacre- Burma)
ဒီအခမ်းအနားကို ဘုရားကြီးတောင် ထီးလင်းတိုက်ကျောင်းမှာ ဒီနေ့မနက်က ကျင်းပရာ အခါတိုင်းနှစ်ထက်စာရင် ပိုပြီး လွတ်လပ်မှုရှိခဲ့ကြောင်း တိုင်းစည်းရုံးရေးအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပြပါတယ်။
“ ဒီနှစ်ကတော့ အခါတိုင်းနှစ်ထက်စာရင် ပိုပြီး အနေအထား ပိုပွင့်တာပေါ့။ အခါတိုင်းက ကျွန်တော်တို့ ဒီပဲယင်းအခမ်းအနား ကျင်းပမယ်ဆိုရင် ကျောင်းတိုက်တွေ ဘာတွေမှာ နီးစပ်ရာမြို့နယ်တွေ အဖွဲ့ဝင်တွေကို အကြောင်းကြားလို့ရတယ်။ ဒီနှစ်တော့ ကျွန်တော်တို့ ကြိုပြီးတော့ တောင်ထီးလင်းတိုက်မှာ ပြုလုပ်မယ်ဆိုတာ ကြိုပြီးတော့ အကြောင်းကြားထားတယ်။ အဲဒီအတွက်လည်း အခါတိုင်းနှစ်တွေမှာ အနှောင့်အယှက် အတားအဆီးတွေရှိတယ်။ ဒီနှစ်ကတော့ အဲလိုမရှိဘူး။ လွတ်လွတ်လပ်လပ်ပဲ။ ဆွမ်းကပ်ခွင့်ရှိတယ်”
အခမ်းအနားကို လူဦးရေ ၁၅၀ လောက် တက်ရောက်တယ်လို့ သိရပြီး ၂၀၀၃ ခုနှစ် မေလက ဒီပဲယင်းအနီး ကြည်ရွာမှာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ ကျဆုံးသွားတဲ့ မန္တလေးက ဦးတင်မောင်ဦး၊ ကိုသိန်းတိုးအေးနဲ့ ကိုစန်းမြင့်ဆိုတဲ့ အင်န်အယ်လ်ဒီ အဖွဲ့ဝင် ၃ ဦးရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကြေးငွေ ပေးအပ်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။
“ကျွန်တော်တို့ ဘုန်းကြီးကျောင်းမှာ သံဃာတော်တွေကို အရုဏ်ဆွမ်းကပ်ပြီးတဲ့အခါမှာ ဒီပဲယင်းမှာ ကျဆုံးသွားတဲ့ မန္တလေးတိုင်း၊ မြို့နယ်တွေက အဖွဲ့ဝင်တွေ ရှိပါတယ်။ အနောက်တောင်မြို့နယ်က ဦးတင်မောင်ဦး ရှိပါတယ်။ နောက်ပြီးတော့ အနောက်တောင်ကပဲ ကိုသိန်းတိုးအေးရယ်၊ အနောက်မြောက်က ကိုစန်းမြင့်ဆိုတဲ့ အဲဒီ ၃ ဦး အတွက်ကို တစ်ဦးကို ၁၂၀၀၀၀ စီပေါ့။ အဲဒီမိသားစုကို ထောက်ပံ့ခဲ့ပါတယ်”
ဒီပဲယင်းမှာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အဲဒီအရေးခင်းနဲ့ ပတ်သက်လို့ ၉ နှစ် ပြည့်လာခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က အခုထိ တစုံတရာ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ သိရပါတယ်။




RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။