MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

စပိန်စီးပွားရေး အကျပ်အတည်းတွင်းသို့ ကျရောက်နေပြီဖြစ်ကြောင်း ဗဟိုဘဏ်ကြေညာ

အလုပ်အကိုင် ရှားပါးနေသော စပိန်စီးပွားရေးသည် ၂၀၁၂ ခုနှစ် ပထမသုံးလပတ်တွင် အကျပ်အတည်းတွင်းသို့ ကျရောက်ခဲ့ပြီဖြစ်ကြောင်း စပိန်ဗဟိုဘဏ်က ဧပြီလ  ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။သုံးလပတ်စီးပွားရေးနှစ်ကြိမ် ဆက်တိုက်ကျဆင်းခဲ့ပြီးနောက် စပိန်စီးပွားရေးသည် အကျပ်အတည်းတွင်းသို့ ထပ်မံကျရောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ် နောက်ဆုံး သုံးလပတ်တွင် စီးပွားရေး ၀ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးနောက် ယခုနှစ် ပထမသုံးလပတ်တွင် စီးပွားရေး ၀ ဒသမ ၄ ရာခိုင်နှုန်း
ကျဆင်းခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ဖွံ့ဖြိုးပြီးကမ္ဘာတွင် အလုပ်လက်မဲ့ အမြင့်ဆုံးဖြစ်နေသော စပိန်သည် ၂၀၁၁ ခုနှစ်ကုန်က အလုပ်လက်မဲ့ ၂၂ ဒသမ ၈၅ ရာခိုင်နှုန်းရှိခဲ့ပြီး လူငယ်ထု၏ ၅၀ ရာခိုင်နှုန်းနီးပါးသည် အလုပ်လက်မဲ့ဖြစ်နေခဲ့သည်။ ထို့ပြင် စီးပွားရေး ဆက်လက်နှေးကွေးနေသောကြောင့် အလုပ်လက်မဲ့နှုန်း ထပ်မံမြင့်တက်လာနေပြီး ယခုနှစ်တွင် အလုပ်လက်မဲ့ ၂၄ ဒသမ ၃ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း အစိုးရက ခန့်မှန်းထားသည်။
၂၀၀၈ ခုနှစ်တွင် အိမ်ခြံမြေဈေးကွက် ပူဖောင်းပေါက်ကွဲခဲ့ပြီးနောက် အလုပ်အကိုင်အမြောက်အမြား ဆုံးရှုံးခဲ့ပြီး စပိန်စီးပွားရေး ကျပ်တည်းခဲ့သည်။
စပိန်အစိုးရက အသုံးစရိတ်များ လျော့ချနေပြီး ၂၀၁၂ ခုနှစ် ဘတ်ဂျက်တွင် ဒေါ်လာ ၂၇ ဘီလျံထိသက်သာမည့် ခြိုးခြံချွေတာရေးအစီအစဉ်များ ဆောင်ရွက်သွားရန် ကတိပြုထားသည်။

Ref:AFP

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။