MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

မန္တလေးကျုံးရှေ့တွင် Performance Art တင်ဆက်ခဲ့သည့် အနုပညာရှင်များကို တရားစွဲဆိုရန် စီစဉ်

မန္တလေးကျုံးရှေ့တွင် Performance Art ပြပွဲကျင်းပပြုလုပ်ခဲ့သည့်မြန်မာ-မလေးရှား အနုပညာ ပူးပေါင်း  တင်ဆက်မှုအဖွဲ့ကို   အောင်မြေ သာဇံ မြို့ နယ်တရားရုံးမှ ၁၉၆၄ခုနှစ် ပြပွဲများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁ ဖြင့် တရားစွဲဆိုရန် စီစဉ်လျက်ရှိ ကြောင်း အဆိုပါအဖွဲ့မှ ကိုမိုးဇက် က ထုတ်ဖော်  ပြောကြား လိုက်သည်။ယင်းအဖွဲ့ ကို မလေးရှားနိုင်ငံမှ အနုပညာရှင် ၅ဦးနှင့် မြန်မာနိုင်ငံမှ အနုပညာရှင်  ၇  ဦးတို့မှ ပူးပေါင်း ကာတင် ဆက်ပြသ ခဲ့ခြင်းဖြစ်သည်။အဆိုပါ အောင်မြေသာဇံ တရားရုံးမှ တရားစွဲ ဆိုရင် အတွက်
 စီစဉ်ဆောင်ရွက် လျက်ရှိပြီး မေ၃၁ ရက်တွင် တရား ရင်ဆိုင်နိုင်အတွက် ဆောင်ရွက် လျက်ရှိကြောင်း   ကိုမိုးဇက် ကဆိုသည်။''ကျွန်တော်တို့က ရှေ့နေအကြံပေးအဖွဲ့ နဲ့ တိုင်ပင်နေပါတယ်။ ဘယ်လိုမျိုးလုပ်ရမလဲဆိုတာတွေ  ကိုတိုင်ပင် နေတယ်။ ဒါပေမယ့် ဘယ်နေ့မှာ တရား ရုံးက
တရားစွဲမယ်ဆိုတာကိုတော့ အခုအချိန်ထိကို မသိရသေး ပါဘူး''ဟု ကိုမိုးဇက်က ပြောသည်။ အဆိုပါ အဖွဲ့သည်မြန်မာ-မလေးရှား အနုပညာ ပူးပေါင်းတင်ဆင်မှုအဖွဲ့အမည်ဖြင့် မလေးရှားနိုင်ငံ၏ ထင်ရှားသည့်နေရာများတွင် အနုပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် Performance Art ပြပွဲများကို မေ၁၅ ရက်မှ၂ဝရက်အထိ ကျင်းပပြုလုပ် ခဲ့ပြီးမန္တလေးမြို့ ကျုံးရှေ့တွင် မေ၂၁ရက်မှ ၂၅ ရက် အထိကျင်းပ   ပြုလုပ်ရန်စီစဉ်   ထားခြင်း ဖြစ်ကြောင်း သိရသည်။

''နိုင်ငံတကာမှာလည်း Performance Art  ပြပွဲ တွေကို ထင်ရှားတဲ့  နေရာတွေမှာ ပြသကြတယ်။ အခု ကျွန်တော်တို့လည်း အနုပညာ  သက်သက်ကို တင်ဆင် ပြသခြင်းဖြစ်ပါတယ်'' ဟု မြန်မာ-မလေးရှား အနု ပညာပူးပေါင်း   တင်ဆင်မှု အဖွဲ့မှ မြန်မာအနုပညာရှင် ကိုမိုးဇက်က ပြောသည်။ ယင်းအဖွဲ့အနေဖြင့် မန္တလေးကျုံးရှေ့ တွင် မေ ၂၄ ရက်နေ့ နံနက် ၈နာရီ ၁၅ မိနစ်ခန့်မှစတင်ကာ အနုပညာတင်ဆက်မှုပြပွဲတစ်ရပ်ကိုကျင်းပခဲ့ခြင်းဖြစ် ပြီး ယင်းနေ့နံနက် ၉နာရီကျော်ခန့်တွင် မန္တလေးမြို့ ၂၆လမ်းပေါ်ရှိ အမှတ် ၃ ရဲစခန်းမှ တာဝန်ရှိသူများ မှလာရောက်ခေါ်ဆောင်ကာ ခရိုင်ရဲတပ်မှူးရှေ့တွင်  ပြပွဲဆိုင်ရာ ပါမစ်တင်ပြခြင်းမရှိဘဲ တင်ဆက်ပြသ သည့်အတွက် ခံဝန်ကတိ ဖြင့် လက်မှတ် ထိုး ကာ ပြန်လွှတ်ခဲ့ကြောင်းသိရသည်။

''အခုနောက်ပိုင်း နှစ်တွေမှာဒေသတွင်း  နိုင်ငံတွေ ဖြစ်တဲ့ အာဆီယံနိုင်ငံတွေက ထင်ရှားနေရာတွေမှာ အနုပညာ  တင်ဆက်မှု Performance Art ပြပွဲတွေ ကိုလုပ်နေပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာလည်း ထွန်းကား  စေချင်တယ်။ အဲဒါကြောင့် အခုလိုမျိုး တင်ဆက်ခြင်း  ဖြစ်ပါတယ်။ ဆန္ဒပြတာမဟုတ်ပါဘူး။ အနုပညာ တင်ဆက်မှုဖြစ် ပါတယ်''ဟု အဆိုပါအဖွဲ့ တွင် ပါဝင်သည့် မန္တလေးမှ ကဗျာဆရာမောင်နီဦး က ပြောသည်။  ယင်းအပြင်အဆိုပါအဖွဲ့ကို အောင်မြေသာဇံ အမှတ်၂ ရဲစခန်းမှ တရားစွဲဆိုထားပြီးမြန်မာ-မလေးရှား အနုပညာပူးပေါင်းတင်ဆက်မှုအဖွဲ့မှ မလေးရှားနိုင်ငံသား အနုပညာရှင်များကို  မေ၂၅ ရက် တွင် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

''မလေးရှား အနုပညာရှင်တွေက ဒီနိုင်ငံကို တရားဝင် လမ်းကြောင်းကနေ ဝင်လာတာ။ ပြည်တွင်း မှာလည်း ပြစ်ဒဏ်ကျုးလွန်တာမဟုတ်ဘူး။ အဲဒါကို ပြည်နှင်ဆိုပြီး ပြန်ခိုင်းတယ်။ အရင်အစိုးရလက်ထက် မှာတောင် ဒါမျိုးမရှိခဲ့ ဘူး။ အခုက ဒီမိုကရေစီအစိုး ရဆိုပြီး ဒီလိုမျိုးလုပ်တာ  ကတော့ မြန်မာနိုင်ငံ  သမိုင်း ကတော့ ပထမဆုံးပဲ။ အဲဒါမျိုးကတော့ လက်ရှိ အချိန်မှာ မဖြစ်သင့်တော့ဘူး''ဟု ကိုမိုးဇက်က ဆို သည်။  အဆိုပါမလေးရှားနိုင်ငံအနုပညာရှင်များမှ  မလေးရှား နိုင်ငံတွင်  အထက်ပါ  ဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပပြူလုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ တွေကို ဒီမှာ တရားစွဲထားတယ် ဆိုတော့ သူတို့က အဲဒါကိုစောင့်ကြည့်နေကြတယ်။ ဒီကအခြေအနေပြီးတာနဲ့ သူတို့ က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကျင်းပဖို့ စီစဉ်နေပါတယ်''ဟု ကိုမိုးဇက်က ဆက်လက်ပြောကြား သည်။ လက်ရှိအနေအထားတွင် အဆိုပါအဖွဲ့မှ တရား ရေးရာကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ကာ တရား ရင်ဆိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ပြည်တွင်းရှိ Performance Art  ပွဲများကို ပြသတင်ဆက်လျက်ရှိသည့် အနုပညာရှင်ကို ငြိမ်းချမ်းဆုက ''ကျွန်တော်တို့ ဂျပန် မှာ Performance Art ပြပွဲပြတုန်းက ဂျပန်ရဲတပ်ဖွဲ့ ကလာပြီးတော့ အဖွဲ့ ခေါင်းဆောင်ကို ခေါ် တယ်။ ရဲစခန်းမှာ ဘာအတွက် လုပ်တာလဲ ဆိုပြီးတော့ မေးတယ်။ ကျွန်တော်တို့ အနုပညာဆိုင်ရာ တင်ဆက် ပြသမှု တစ်ခုပါလို့ ပြောလိုက်တော့၊ သူတို့က ပြသခွင့် ပါမစ်ကို ထုတ်ပေးတယ်။ လက်ရှိပြည် တွင်း  မှာရှိတဲ့ အနုပညာ ရှင်တွေအ နေနဲ့လည်း ကာလံ၊ဒေသံ အနေအထားကိုတော့ လေ့လာသင့်တယ်လို့ ထင်တယ်။ နောက်တစ်ခုကတော့ အာရှ၊ ဥရောပနိုင်ငံတွေ တင် မဟုတ်ဘူး။ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ တောင်  ဒီလိုမျိုးအနုပညာ တင်ဆက်မှု တွေကို ပြသ နေကြပြီ။ ကျွန်တော်တို့နိုင်ငံမှာပဲ မလုပ်ကြသေးတာ။ မြန်မာနိုင်ငံ ရဲ့အနုပညာတွေ  ကို ကမ္ဘာသိ အောင်လို့ဖို့ ဆိုရင်တော့ အနုပညာရှင်တွေအား လုံးကို လွတ်လပ်စွာ  ဖန်တီး ခွင့်ပေးရ တော့မယ်။ အဲဒါမှလည်း နိုင်ငံတကာကို ယှဉ်ပြိုင်နိုင် မယ်''ဟု ယင်းက သုံးသပ် ပြောကြား သည်။

အဆိုပါမြန်မာ-မလေးရှားအနုပညာပူးပေါင်း တင်ဆက်မှုအဖွဲ့တွင် မြန်မာနိုင်ငံမှ Performance Art အနုပညာရှင် များဖြစ်သည့် ကိုမိုးဇက်၊ ကိုစူးမြင့်သိန်း၊ကဗျာဆရာ မောင်နီဦး၊ ကို အောင်မြင့်ဌေး၊  ကိုလွင်ဦးမောင်   တို့ပါဝင်ကြောင်း  သိရသည်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။