MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 20, 2012

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် SSA (တောင်ပိုင်း) သဘောတူညီမှု ရရှိ

2012-05-19
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံအခြေစိုက် ရွှေတြိဂံတိုင်း စစ်ဌာနချုပ်မှာ စနေနေ့ မနက် ၉ နာရီက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ (၁၀) နာရီ ကျော်ကြာ ဆွေးနွေးခဲ့ကြပြီး အချက် (၁၂) ချက်

သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နဲ့ မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်ရေးကိစ္စကို ငြိမ်းချမ်းရေးအဖွဲ့ အနေနဲ့ သဘောတူခဲ့ကြပြီး အသေးစိတ် ဆက်လက်လုပ်ဆောင်နိုင်ဖို့ သမ္မတထံ တင်ပြမှာဖြစ်တယ်လို့ ဆွေးနွေးပွဲကို လိုက်ပါသွားတဲ့ SSA အတိုင်ပင်ခံတစ်ဦးဖြစ်သူ ဦးခွန်စိုင်းက ပြောပါတယ်။
အခုတစ်ကြိမ် ဆွေးနွေးရာမှာ နှစ်ဘက်လုံးက စစ်တပ်အရာရှိ တပ်မှူးတွေ ပါဝင်ခဲ့ကြတဲ့အတွက် မျှော်လင့်ထားတာထက် ပိုပြီး အဆင်ပြေမှုတွေ ရရှိခဲ့တယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးတည်မြဲမှု စောင့်ကြည့်ရေးကော်မတီဖွဲ့ဖို့၊ RCSS နဲ့ သက်ဆိုင်တဲ့ အကျဉ်းသားတွေ လွတ်ပေးဖို့၊ ရှမ်းပြည်နယ်အတွင်း လွတ်လပ်တဲ့ သတင်းနဲ့ စာနယ်ဇင်းဌာန ထူထောင်ခွင့်ပြုဖို့၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ လက်တွဲပြီး လူထု အကျိုးပြုလုပ်ငန်းလုပ်ဖို့၊ ထိုင်း မြန်မာ နယ်စပ်ဂိတ် ၃ ခု ဖွင့်ခွင့်ပေးဖို့၊ RCSS/ SSA ထိန်းချုပ်နယ်မြေအတွင်း လွတ်လပ်စွာ လက်နက် ကိုင်ဆောင်သွားလာခွင့်ပြုဖို့၊ ရွှေလီမြစ်ဝှမ်းဒေသမှာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ခွင့်ပြုဖို့နဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြားတွေ လုပ်ပေးသွားဖို့ စတဲ့ အချက် (၁၂) ချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ကြည့်တဲ့အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ အတွက် လာမည့် ဇူလိုင်လမှာ ထပ်မံတွေ့ဆုံဆွေးနွေး အကောင်အထည်ဖော်သွားကြဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီသတင်းကို အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။




RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။