MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

လာမည့် ဇွန်လအတွင်း မြန်မာဘဏ်အချို့ T/T ၊ LC အပါအ၀င် နိုင်ငံခြားငွေကြေး ၀န်ဆောင်မှုလုပ်ငန်း စတင်နိုင်မည်

နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသော မြန်မာဘဏ်များ အာဆီယံနိုင်ငံများနှင့် ဂျပန်ဘဏ်များ အပါအ၀င် အာရှဘဏ်များနှင့် ချိတ်ဆက်ထားပြီးဖြစ်ပြီး လာမည့် ဇွန်လအတွင်း လုပ်ငန်းစတင်နိုင်ရန် ဗဟိုဘဏ်၏ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။
နိုင်ငံခြားဘဏ်လုပ်ငန်းလုပ် ကိုင်ခွင့်ရရှိထားသော မြန်မာဘဏ် ၁၁ ဘဏ်အနက် ခုနစ်ဘဏ်ဝန်းကျင် မှာ နိုင်ငံတကာဘဏ်များ အသိအမှတ်ပြု သင်္ကေတနံပါတ်(SWIFT Code) (SWIFT-Society for Worldwide Interbank Financial Telecommunication) ရရှိပြီဖြစ်ပြီး ဗဟိုဘဏ် ခွင့်ပြုချက်ရရှိပါက T/T (Telegraph Transfer)နှ hfLC (Letter of Credit) အပါအ၀င် နိုင်ငံခြားဘဏ်လုပ်ငန်း ၀န်ဆောင်မှု
စတင်ပေးအပ်နိုင်ပြီဖြစ်ကြောင်း ဘဏ်လုပ်ငန်း တာဝန်ရှိသူများထံမှ သိရပါသည်။
ယင်းကဲ့သို့ နိုင်ငံခြားငွေကြေး ၀န်ဆောင်မှုလုပ်ငန်း ပြုလုပ်ခွင့်ရရှိ လာပါက အဆိုပါ ပုဂ္ဂလိကဘဏ် များအနေဖြင့် ကုန်သွယ်ရေးလုပ်ငန်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ငွေကြေးလွှဲပြောင်းမှုများ အပါအ၀င် နိုင်ငံခြားဘဏ်လုပ်ငန်းကို စတင်နိုင်မည်ဖြစ်ပါသည်။
ကမ္ဘောဇဘဏ်မှ အထွေထွေ  မန်နေဂျာ ဦးဇော်လင်းထွဋ်က “SWIFT Code  ကျပြီ။ အခု k Testing လုပ်နေတယ်။ ဇွန်လ ၃ ရက်နေ့ကျရင် Live လုပ်လို့ရပြီ။ ဗဟိုဘဏ် ခွင့်ပြုချက် ကျတာနဲ့ T/T  လွှဲတာတို့၊  LC ဖွင့် တာတို့လုပ်လို့ရပါပြီ”ဟု ပြောကြားပါသည်။
ထို့ပြင် မြန်မာဘဏ်များသည် အမေရိကန်၊ ဥရောပရှိဘဏ်များ အပါအ၀င် နိုင်ငံတကာဘဏ်များ နှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စတင် ပြင်ဆင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲဖွင့်လှစ်ခွင့် မပေးသေးသော်လည်း ၂၀၁၄ခုနှစ်ထက်နောက်မကျဘဲ နိုင်ငံ ခြားဘဏ်များနှင့် မြန်မာဘဏ်များ အကျိုးတူ ပူးပေါင်း လုပ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌဦးနေအေး၏ ပြောကြားချက်ကို ကိုးကားထားသည့် ရိုက်တာသတင်းဌာန၏ ဖော်ပြချက် အရ သိရပါသည်။
ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်လုပ်ငန်းကို အစိုးရပိုင်ဘဏ်များဖြစ်သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)နှင့်  မြန်မာ့ စီးပွားရေးဘဏ်(MEB)တို့တွင်သာ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး ယခု ပုဂ္ဂလိကဘဏ်များကို လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ပါသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။