MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

UNDP မှ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအကြာတွင် မြန်မာနိုင်ငံအတွက် ဖွံ့ ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် တော့မည်

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ နှစ်ပေါင်းနှစ်ဆယ်ကျော် ကာလအကြာတွင်မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၄၄သန်းထောက်ပံ့ ကူညီပေးတော့မည်ဟုသိရသည်။
ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP)၏လက်ထောက် အတွင်းရေးမှုးချုပ်နှင့် အာရှနှင့် ပစိဖိတ် ဒေသဆိုင် ရာညွှန်ကြားရေးမှုး Mr.Ajay Chhibber  နှင့်မေ၁၇ ရက်နေ့က အဆိုပါ ကိစ္စရပ်များ ကိုတွေ့ဆုံ  ဆွေးနွေးခဲ့ကြ ခြင်းအပေါ့် UNDP အငြိမ်းစား ဌာနေ ကိုယ်စား
လှယ်ဟောင်း ဦးကျော်လွင်လှ ကပြောကြားလိုက်ခြင်းဖြစ်သည်။

''အန်ကယ်ကတော့ခုလို UNDP ရဲ့လှုပ်ရှားမှုတွေပြန်စတော့မှာကို ဝမ်းသာတယ်။မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ တည်ငြိမ်လာတဲ့ အတွက် သူတို့ရဲ့လှုပ်ရှားမှုတွေပြန်ဝင်လာကြတာ ဖြစ်တယ်'' ဟုဦး ကျော်လွင်လှ ကဆို သည်။

မြန်မာနိုင်ငံတွင် (UNDP)ပုံမှန်အစီအစဉ်များ ပြန်လည်စတင်ဆောင် ရွက်နိုင်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာကိစ0x081စရပ်များ ပါဝင်သော စီမံချက်တစ်ရပ်ရေး ဆွဲအကောင် အထည် ဖော်ရေး၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ စွမ်းရည်တိုးမြှင့်ရေးအတွက် နည်းပညာကျွမ်း ကျင်မှုဆိုင်ရာ အကူ အညီပေးရေး၊ ၂၀၁၃ခုနှစ်မှစ၍ (၃)နှစ် စီမံချက်ဖြင့် အမေရိကန် ဒေါ်လာ ၁၄၄သန်းတန်ဖိုးရှိ လုပ်ငန်းများဖြင့် ကူညီထောက်ပံ့ရေး၊ မြန်မာ နိုင်ငံတွင်  (UNDP)ရုံးခွဲ ဖွင့်လှစ် ဆောင်ရွက် သွားရေးတို့ကိုဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးမှုသည် လာမည့်ဇွန်လတွင်ဆုံးဖြတ်ချက်အတည် ဖြစ်လာနိုင်လိမ့်မည်ဖြစ်ကြောင်းမြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးတာဝန်ရှိပုဂ0x081ဂိုလ် ဦးအေးဝင်းကဆိုသည်။ ''လာမယ့်ဇွန်လလောက်မှာ UNDP က အစည်းအဝေး မှာ ထိုင်ပြီး အရင်က မြန်မာနိုင်ငံအပေါ်ထားခဲ့တဲ့ သဘောထား တွေပြောင်း ဖို့ရှိလိမ့်မယ်။ဒါ ကြောင့်လည်းသူတို့တွေလာဆွေးနွေးကြ တာဖြစ်တယ်'' ဟု ဦးအေးဝင်း ကပြော သည်။

UNDP ၏မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာလှုပ်ရှားမှုများလုပ်ဆောင် လာခြင်းကြောင့်အချိန်တို အတွင်းတိုး တက်လာ   နိုင်မည်ဟုလည်းဦးကျော်လွင်လှ ကဆိုသည်။

''UNDP ရဲ့အားသာချက်က ကျွမ်းကျင်တဲ့ သူတွေကို ကြိုက်တဲ့နိုင်ငံတွေ ကခေါ်နိုင်တယ်။ဥပမာ သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ  ကျွမ်းကျင်တဲ့နိုင်ငံက ပညာရှင်တွေ၊ ဥပဒေရေးရာ   ကျွမ်းကျင် တဲ့နိုင်ငံက ပညာရှင်တွေပေါ့။ သူတို့တွေက လည်း ဘာနိုင်ငံရေးပရောဂမှမပါတဲ့သူတွေဖြစ် တယ်။ ကိုယ့်နိုင်ငံက သယံဇာ တရှိပြီးသားဖြစ်တဲ့  အတွက် ယူအန် ကကူညီပံ့ပိုးပေးမှုတွေအရဆို တက်သွား မှာပဲ။ ဆူဒန်လိုနိုင်ငံ မျိုးဆိုဘာ ကပ0x081ပစီတီ မှရှိတာ မဟုတ်ဘူး။ ဆော်ဒီအာရေဗျ နိုင်ငံမျိုးကတော့ ရှိပြီးသားဖြစ်တဲ့အတွက် ယူအန်ရဲ့ အကူအညီကြောင့်တိုးတက်သွား တယ်။၁၉၇၉ခုနှစ်လောက်တုန်းက အန်ကယ်ယူအန်ဒီပီရဲ့ဌာနေကိုယ် စားလှယ် အနေနဲ့ ဆော်ဒီအာရေဗျ နိုင်ငံမှာ၅နှစ်ခွဲခန့်လောက်အထိ တာဝန်ကျခဲ့တယ်။သူ့နိုင်ငံမှာလမ်း တွေ၊တံတားတွေ၊ဖွံ့ဖြိုးရေးပိုင်းတွေ အတွက်ယူအန်ဒီပီဦးဆောင်ပြီး လုပ် ပေးခဲ့တာ။လူ့စွမ်းအားရင်းမြစ်နည်း ပညာတွေနဲ့လာ ကူညီပေး လိုက်ကြတာ။ ကုန်ကျစရိတ် ပိုင်း တွေဆို အပိုကုန်ကျ မယ့်နေရာမှာမကုန်ရ အောင်တွက်ချက် နိုင်တဲ့သူတွေပါတယ်။နိုင်ငံတကာက နည်းပညာရှင်တွေ  ကိုယူအန်ကခေါ်      ယူပြီးလာရောက်လုပ်ကိုင်ပေးကြတာ။ သဘောကတော့  ယူအန်အနေနဲ့ နည်း ပညာတွေ၊အတတ်ပညာရှင်တွေကို  နိုင်ငံ တကာကနေခေါ်ယူပေး နိုင်တယ်။ ဒါကြောင့်အသုံးပြုတဲ့နည်းပညာတွေက နောက်ဆုံးပေါ်၊အကောင်းဆုံးကိရိယာ တွေနဲာ့လ ရောက်လုပ်ပေးနိုင်တာ   လို့ ပြောချင် တယ်''ဟုသုံးသပ်ပြောကြား သည်။

မေလဆန်းပိုင်း ကလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်  ဘန်ကီမွန်းမြန်မာနိုင်ငံသို့ တတိယအကြိမ် မြောက်လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးပိုင်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေး ခဲ့အပြီး အဆိုပါလက် ထောက်အထွေထွေအတွင်းရေးမှုးချုပ် တို့အဖွဲ့လာရောက်ခဲ့ ကြခြင်းဖြစ် သည်။




ရန်ကုန်တိုင်းမ်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။