MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် WFP ကို အမေရိကန် ဒေါ်လာ၁၀ သန်းကျော် ဂျပန်အစိုးရ ပေးအပ်

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း ပေးအပ်လိုက်သည်ဟု ပြည်ပ သတင်းဌာနများမှ သိရသည်။
WFP ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေသော လုပ်ငန်းများအတွက် ဂျပန်အစိုးရမှ ပေးအပ်သော လှူဒါန်းငွေမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ရှိသွားပြီဖြစ်ကြောင်း သိရသည်။ နောက်ဆုံးရရှိသော အလှူငွေကို WFP ၏ ရန်ကုန်ရုံး၌ ပြုလုပ်သော လတ်မှတ်ရေးထိုးပွဲတစ်ခု၌ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု
ဆိုသည်။

''ဂျပန်ရဲ့အကူအညီက ရက်ရောသလို အချိန်လည်း ကွက်တိပါပဲ။ မြန်မာ့သမိုင်းရဲ့ အရေးပါတဲ့အချိန်မှာ WFP ဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုတွေကို တိုက်ဖျက်ဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဂျပန်လို အလှူရှင်နိုင်ငံနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ တကယ်ကွဲပြားမှုရှိအောင် လုပ်နိုင်ပါပြီ'' ဟု WFP ၏ Country Director ကားလို့စ်ဗီလိုဆိုက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမှ လှူဒါန်းငွေများကို လူပေါင်း ၃၅၀၀၀ အတွက် အစားအစာနှင့် အာဟာရထောက်ပံ့ပေးမည့် အစီအစဉ်အတွက် အသုံးပြုသွားမည်ဟု ဆိုသည်။

''ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်လူမျိုးတွေက WFP ကနေတစ်ဆင့် မြန်မာနိုင်ငံကို ကူညီဖို့ ကတိက၀တ် ရှိပြီးသားပါ။ မြန်မာနိုင်ငံဟာလည်း ဂျပန်လိုပဲ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်ခြေမြင့်ပြီး ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံရလွယ်ကူတာကြောင့် ဘာတွေ လိုအပ်လဲ၊ ဘယ်လို ထိထိ ရောက်ရောက် တုံ့ပြန်နိုင်မလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီအကူအညီဟာ မြန်မာအစိုးရရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပေါ် စိတ်အားထက်သန်မှုကို အထောက်အပံ့ ဖြစ်စေမယ်လို့လည်း မျှော်လင့်ပါတယ်'' ဟု ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ကိုယ်စားလှယ်အကြီးအကဲက ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း WFP သို့ ဂျပန်နိုင်ငံမှ လှူဒါန်းမှုမှာ အမေရိကန်ဒေါ်လာ ၁၄၀ သန်းရှိသွားပြီဖြစ်သည်ဟု သိရသည်။

 News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။