MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 9, 2012

အွန်လိုင်းမှတရားဝင်ဖုန်းခေါ်ဆိုသည်Y-talk စနစ်နှင့်နှုန်းထားအား ၁၅ ဆလျှော့ချပေးလိုက်ပြီ

”မေလ ၁ ရက်နေ့ကစပြီး တရားမဝင်ဖုန်းခေါ်ဆိုတဲ့ Pfingo စနစ်နဲ့ နှုန်းထားအတိုင်း ပြောဆိုခွင့်ပေးသွားမှာပါ။ သုံးစွဲခွင့်ပေးတဲ့အပိုင်းမှာလည်း နိုင်ငံအပေါ်မူ တည်ပြီး   ဈေးလျှော့ချထားပါတယ်။ တချို့နိုင်ငံတွေဆိုရင် တရား မဝင်ဖုန်းခေါ်ဆိုခထက်ဈေးလျော့တာတွေရှိပါတယ်”ဟု VMG TELECOMS တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်ကY-talk  ဖုန်းခေါ်ဆိုနိုင်သည့်စနစ်အား အသုံးပြုရာတွင်Y-talk အကောင့်နှင့် ဖုန်းပြောရန်အတွက် ငွေဖြည့်ကတ်ထည့်သွင်းပြီးမှသာ လျှင် ဖုန်းပြောဆိုနိုင်ပြီး လက်ရှိတွင် ၄င်းစနစ်သာမကဘဲ တရားမဝင်ခေါ်ဆို သည့် Pfingo စနစ်အတိုင်းမည်သည့်အကောင့်မဆို ငွေဖြည့်ကတ်များ ဝယ်ယူစရာမလိုဘဲ သုံးစွဲခွင့်ပေးထား
သည်။ လျှော့ချပေးလိုက်သည့်Y-talk ဖုန်းခေါ်ဆိုခနှုန်းထားများတွင် စင်ကာပူသို့ ယခင်တစ်မိနစ်လျှင် သတ် မှတ်ထားသည့်နှုန်းမှာ ဝ ဒသမ ၁၅ ကျပ်ဖြစ်ပြီး ယခုအခါ ဝ ဒသမ ဝ၅ ကျပ်သို့ လျှော့ချခဲ့သည်ကို တွေ့ရသည်။”ဈေးနှုန်းတွေ ကွာခြားနေတာကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံး နေတဲ့ပုံစံအတိုင်း မိုဘိုင်းဖုန်းနဲ့ လိုင်းဖုန်းခေါ် ဆိုခ ကွာခြားသလိုမျိုး အတိုင်းပဲ လိုင်းဖုန်းခေါ်ဆိုခလျှော့ပြီး မိုဘိုင်းဖုန်းခေါ်ဆိုခမြှင့်တဲ့ သဘောအတိုင်းပါ” ဟု ၄င်းက ဆက်လက်ပြောသည်။လက်ရှိတွင်Y-talk  ဖုန်းခေါ်ဆို နိုင်သည့် စနစ်အား ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပြည်၊ မိတ္ထီလာ စသည့်မြို့များရှိ အင်တာနက်ဆိုင်များတွင်သာ အသုံးပြုနိုင်ပြီး ကိုယ်ပိုင်ကွန်ပျူတာနှင့် အခြားမြို့များ သုံးစွဲခွင့်ကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပေ။  ”Pfingo ပုံစံအတိုင်း သုံးစွဲခ အတူတူပဲဆိုရင်တော့ ဒီစနစ်ကို သုံး စွဲမှု ပိုလာနိုင်ပါတယ်။ လက်ရှိအချိန် အထိတော့ Pfingo စနစ်ကိုပဲ လာ သုံးကြတာများပါတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အင်တာနက် ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောင်ဇော်  


Popular Myanmar News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။