ပြည်ပသို့ အင်တာနက်မှတရားဝင်ဖုန်းခေါ်ဆိုနိုင်မည့် Y-Talk ဝန်ဆောင်မှု၏ဖုန်းခေါ်ဆိုခနှုန်း ထားများအား အနိမ့်ဆုံး နှုန်းထားအထိ လျှော့ချပေးလိုက်ပြီဖြစ်ကြောင်းသိရ သည်။''ကျွန်တော်တို့ အနေနဲ့ Y-Talk ရဲ့ခေါ်ဆိုခနှုန်းထားတွေကို မေလ-၁ ရက်နေ့ကနေစပြီးတော့အနိမ့် ဆုံးဖြစ်အောင် လျှော့ချပေးထား လိုက်ပါပြီ၊ အခုဖုန်းခေါ်ဆိုခတွေဟာ အလွန်အင်မ တန်ဝေးလံတဲ့ ရုရှားလို နိုင်ငံတွေကလွဲရင် ကျန်တဲ့ နိုင်ငံ တွေကို တစ်မိနစ် ကို အမေရိ ကန်ဒေါ်လာ(၁၅)ပြား အထိလျှော့ချ ပေးထားတာပါ '' ဟု ရတနာပုံတယ်လီပို့မှ စီအီအို
ဦးတင်ဝင်း ကပြောသည်။မြန်မာနိုင်ငံ တွင် အင်တာနက် မှတဆင့် ပြည်ပသို့ဖုန်းခေါ်ရာတွင် Pfingo မှတဆင့် ခေါ်ဆိုမှုများ နေကြောင်း နှင့်ယင်းသို့ခေါ်ဆိုခြင်း မှာတရားဝင်ခြင်း မရှိသည့် အပြင် နိုင်ငံတော်ဝင်ငွေအတွက် လည်းအကျိုးမရှိနိုင်သဖြင့် ရတနာပုံ တယ်လီပို့နှင့် VMG T elecom co.,ltd နှင့် မြန်မာ့ဆက်သွယ်ရေး တို့ ပူးပေါင်း၍ Y-talk ဝန်ဆောင်မှုပေး နေခြင်းဖြစ်ကာ ဈေးနှုန်းများကိုလည်း Pfingo နှုန်းထားများ ကဲ့သို့ အသက်သာ ဆုံးဖြစ်အောင် လျှော့ချပေးထား ကြောင်း သိရ သည်။''အန်တီတို့ကတော့ ရတနာပုံ ကနေ Y-talk ဝန်ဆောင်မှု ကိုဝယ်လိုက်တယ်၊ မှတ်ပုံတင်ကြေးက တစ်သောင်း၊ ပြီးတော့ အက်(ဖ်)အီးစီ (၁၀)တန်ကဒ်ပါ ဝယ်တယ်၊ဒီရောက်တော့ သူတို့ပေးထားတဲ့ကုဒ် အတိုင်း စက်ထဲကိုထည့်ပြီး ဝင်တာပြန်ခေါ်လို့ မရဘူး၊ရတနာပုံကရွှေမြယာ ကိုပြောင်း သွားတယ် ပြောတယ် အဲ့ဒီမှာထပ်စုံစမ်ပြီး လုပ်ရမှာပေါ့''ဟု တာမွေမြို့ နယ်အတွင်း ရှိ အင်တာနက်ဆိုင် တစ်ခုမှ ပိုင်ရှင်ဖြစ်သူ ဒေါ်ရီရီက ပြောသည်။Y-talk ဝန်ဆောင်မှုမှတဆင့် ပြည်ပသို့ဖုန်းခေါ်ဆိုခနှုန်းထားများလျှော့ ချပေးနေသည့်အတွက် ပြည်ပသို့ အခြား လိုင်းများမှခေါ်ဆိုမှုများအား အရေးယူ ဆောင်ရွက် မှုများရှိလာနိုင်ကြောင်း လည်း သိရသည်။
ရန်ကုန်တိုင်းမ်
Pages
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Wednesday, May 23, 2012
Y-Talk အင်တာနက် ဖုန်းခေါ်ဆိုခများ အနိမ့်ဆုံးအထိလျှော့ချ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment