MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 4, 2012

ပြည်တွင်း၌ မိုဘိုင်း Application Developer များ ရပ်တည်နိုင်ရန် ခက်ခဲနေသေး

ပြည်တွင်း၌ မိုဘိုင်း Application Developer များအနေဖြင့် ရပ်တည်နိုင်ရန်ခက်ခဲမှုများရှိနေသေး ကြောင်းသိရသည်။
''ပြည်တွင်းမှာ မိုဘိုင်း Application ဈေးကွက်အနေနဲ့ ပြောပလောက်အောင် မတွင်ကျယ်သေးဘူးလို့ ဆိုနိုင်ပါတယ်။ အများအားဖြင့်တော့ မိုဘိုင်း Developme ကုမ္ပဏီတွေနဲ့ ဆော့ဖ်ဝဲလ်ရေးတဲ့အဖွဲ့တွေဟာ ကိုယ့် Software House  အတွက် ဆော့ဖ်ဝဲလ်တွေ ရေးသားတာ၊ ပြည်တွင်း Clients တွေက အပ်နှံတဲ့ ဆော့ဖ်ဝဲလ်တွေ ရေးတာ၊ ပြည်ပက Outsourcing အလုပ်တွေ ရှာဖွေရေးသားတာတွေနဲ့ ရပ်တည်နေတယ်လို့ မြင်ပါတယ်။ မိုဘိုင်း Developer တစ်ဦးအနေနဲ့ အွန်လိုင်းမှာ ဈေးကွက်တင်ဖို့အတွက်
လိုအပ်ချက်တွေကို ပြောရရင် ပြည်တွင်း ပြည်ပ ငွေပေးချေမှုတွေကို အွန်လိုင်းမှာ အဆင်ပြေပြေ လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ Software Development Tools တွေကို Download ဆွဲနိုင်ဖို့ အဆင်ပြေမယ့် အင်တာနက် Connection လည်း လိုပါတယ်''ဟု MDroidStudio မှ ကိုသီဟက ပြောကြားခဲ့ပါသည်။
မြန်မာ Developer များ၏ Apps များကို Android ၏ Google Play တွင် တွေ့လာရသကဲ့သို့ Apple ၏ Apps Store တွင်လည်း တွေ့ရကြောင်း သိရသည်။ အခမဲ့ရယူနိုင်သော Apps များရှိသကဲ့သို့ ပိုက်ဆံပေးချေ၍ ၀ယ်ယူရသော Apps များ လည်းရှိကြောင်း သိရသည်။ Google Play ပေါ်တွင်တင်ပြီး ဖြန့်ချိရန်အတွက် Developer အနေဖြင့် Registration Fee အဖြစ် ၂၅ ဒေါ်လာ ပေးဆောင်ရကြောင်း သိရသည်။
''ပြည်တွင်းမှာ မိုဘိုင်း Application ရေးပြီး မရပ်တည်နိုင်သေးပါဘူး။ ဒီမှာတွေ့ရတာက ကိုယ်ရေးလိုက်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုကို Free ပေးလိုက်တာမျိုးတွေ အရမ်းများတယ်။ အလကားပေးတာကိုရပ်ပြီး အရည်အသွေးကို ရအောင်တင်ဖို့ လိုပါတယ်။ အခုနောက်ပိုင်းမှာ အရင်ကထက်စာရင်  Corporate ဆော့ဖ်ဝဲလ်တွေကနေ Consumer ဆော့ဖ်ဝဲလ်တွေဘက်ကိုလည်း အာရုံစိုက်လာကြတာ တွေ့ရတယ်''ဟု Technomation Studio မှ ကိုထူးမြင့်နောင်က ပြောကြားခဲ့သည်။
မိုဘိုင်း Application များကို ဈေးကွက်တင်ရောင်းချရာတွင် Limited Function များကိုသာ ကနဦးတွင် အခမဲ့ အသုံးပြုခွင့်ပေးပြီး ပိုမိုအသုံးတည့်သော Function များကို အသုံးပြုလိုသူများအတွက် Premium Version  ကိုရောင်းချခြင်း၊ ဆော့ဖ်ဝဲလ်ကို အခမဲ့ သုံးခွင့်ပြုထားပြီး ကြော်ငြာများမှ ၀င်ငွေရရှိခြင်းစသည့် ပုံစံတို့ဖြင့် ဈေးကွက်တင်ကြကြောင်း သိရသည်။



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။