MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, June 1, 2012

အစိုးရတပ်များ ကရင်ပြည်နယ်အတွင်း အင်အားဖြည့်တင်းမှုရှိနေ

2012-05-31
မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားကြပေမယ့် KNU ထိန်းချုပ် ဒေသအတွင်းမှာ မြန်မာ့ တပ်မတော်ဘက်က စစ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းနေတာတွေ ဆက်ရှိနေပြီး ဒါတွေဟာ နှစ်ဘက် အပြန်အလှန် ယုံကြည်မှု ရရှိရေးအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ KNU တာဝန်ရှိသူတွေက ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။
RFA/Karen Program
KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပသော ဘာသာပေါင်းစုံ ကရင်တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲတွင် တွေ့ရစဉ်။
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် Free Burma Rangers (FBR) အဖွဲ့က လေ့လာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ KNU နယ်မြေအတွင်း မြန်မာ စစ်တပ်တွေ အင်အားဖြည့်တာ ရိက္ခာ လက်နက် ဖြည့်နေတာတွေ
ရှိနေတယ်လို့ ဖော်ပြထားပြီး မြိတ် ထားဝယ်ခရိုင်မှာ အရပ်သားတွေကို အစိုးရတပ်သားက ပစ်ခတ်မှုတွေ ရှိသလို၊ မူထရောနဲ့ တောင်ငူခရိုင် (တော်ဦး) ဒေသမှာ ခြောက်လှန့် ပစ်ခတ်မှုတွေ၊ လက်နက်ခဲယမ်း သယ်ဆောင်မှုတွေ ရှိကြောင်း ဖော်ပြထားပါတယ်။
ဒီသတင်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး KNU ကို မေးမြန်းစုံစမ်းရာမှာတော့ ၄၅ ရက်လောက် အတွင်းမှာတော့ တိုက်ပွဲအနေနဲ့ တက်လာတာတော့ မတွေ့သေးကြောင်း၊ ဒါပေမဲ့ တပ်စခန်းချဲ့တာ၊ ရိက္ခာ လက်နက် ဖြည့်နေတာတွေ ရှိနေကြောင်း၊ ဒီလိုလုပ်ရပ်တွေ နည်းပါးသွားရမှာ ဖြစ်သလို အခုလို ဖြစ်ရပ်တွေဟာ တင်းမာမှု လျော့ကျရေးကို အထောက်အကူ မပြုကြောင်း၊ လူထုပြန်လည် လာရောက်နိုင်ရေးအတွက် အခြေအနေများ ဘာမှ ထူးခြားလာခြင်း မရှိသေးကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ က ပြောပါတယ်။

Free Burma Rangers (FBR) အဖွဲ့ဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ ဒေသတွင်းက ရွာပုန်း ရွာရှောင် ဒေသခံ ပြည်သူတွေအတွက် ဆေးဝါးနဲ့ အခြေခံ လူသုံးပစ္စည်းတွေကို
ကူညီထောက်ပံ့ပေးနေတဲ့ အမေရိကန် အခြေစိုက် အဖွဲ့တစ်ဖွဲ့ ဖြစ်သလို စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လပ်တဲ့နည်းနဲ့ စုံစမ်းဖော်ထုတ်နေတဲ့
အဖွဲ့လည်း ဖြစ်ပါတယ်။




RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။