MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, June 8, 2012

သူတပါးကွန်ပျူတာ (သို့) ဆိုင်ဘာမှာသုံးရင် သိထားသင့်တဲ့အချက်တစ်ချို့

မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ keylogger ဟုခေါ်သည့်ဆော့ဖ်ဝဲများထည့်သွင်းထားပြီး လာရောက် သုံးစွဲနေသူတွေအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ပြည်တွင်းပြည်ပဆက်သွယ်နေကြတဲ့ ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး ထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအားဖမ်းဆီးမိနိုင်အောင်ုပ်ဆောင်ထားတာတွေရှိနေပါသည်။ keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon
လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၄င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ

မှတ်ထားပေးနေပါသည် .. ။
ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှ အားလုံးအား ငှင်းဆော့ဖ်ဝဲမှ မှတ်တမ်းတင်ထားပြီးဖြစ်နေ၍
လုံခြုံမှုလုံးဝမရှိနိုင်တော့ပါ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများအစရှိသဖြင့်အစစအရာရာအားအတိအကျပင် ၄င်းကမှတ်သားထားပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါသည်။)


ထိုကဲ့သို့သောဆော့ဖ်ဝဲမျိုးအား ကွန်ပျူတာတွင်သွင်းထားပြီး လာရောက်သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအားအတိအကျ ထောက်လှမ်းထား နိုင်၍

မိမိတို့အနေဖြင့်ဆိုင်ဘာကဖီးသို့မဟုတ်တစ်ပါးသူ၏ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိ
အရင်ဆုံးစစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့်လုပ်ထားပါက
အကောင်းဆုံးနှင့်လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။

မိမိတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များအားသူတစ်ပါးဆီပါမသွားနိုင်အောင်လုပ်ရမည့်နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ .. ။
ပထမဦးစွာ Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။
Task manager ၀င်းဒိုးတက်လာပါက Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။ ရှိနေခဲ့လျှင်ထိုကွန်ပျူတာတွင် keylogger
အသုံးပြုထားပြီဖြစ်ပါသည်။


ထိုသို့တွေ့ရှိပြီဆိုလျှင်ငှင်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။
ထိုသို့ end process လုပ်လိုက်ခြင်းအားဖြင့်ငှင်းလုပ်ဆောင်နေသည့်လုပ်ငန်းတွေအားလုံ
ပြီးဆုံးသွားပြီးမိမိလုပ်ကိုင်နေသည်များကိုလဲမှတ်ထားတော့မည်မဟုတ်တော့ပါ။

Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီး
ခေါ်ယူလဲရပ်ါသည်။အကောင်းဆုံးနည်းလမ်းမှာtask manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process
ပေးလိုက်ခြင်းသာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရိုးရိုးယူဆာတွေအနေနှင့်
ဘယ်လိုဖိုင်အမျိုးအစားက
အချက်အလက်တွေကိုရီကော့လုပ်တာလဲဆိုခြင်းကိုမသိနိုင်၍အန္တရာယ်ကင်းဘေးရှင်း ၄င်း process tab ထဲတွင်ရှိသမျှဖိုင်လ်များအားလုံးအား end process လုပ်ပြီးမိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံး ဖြစ်ပါသည်။

အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွှင့်အရေးရှိမှရမည် ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။ စိတ်ချရသည့်
နည်းပညာပိုင်း အားနည်းသောအင်တာနက်ဆိုင်ကိုသာ သွားရောက်အသုံးပြုစေချင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် နည်းပညာအရ
အဆင့်အတန်းထိုဆိုင်တွင်အသင့်အတင့်မြင့်နေပြီဖြစ်၍ တော်ရုံမဟုတ်တော့ဘူးဟူ၍ယူဆလို့ရနိုင်နေပါသည်။ ပြီးနောက် keyloggerတွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂ်ျမှာတင်လို့ရသည့် keyloggerနှင့်hardware keyloggerဆိုပြီးရှိနေပါသေးသည်။
ငှင်းတို့အားသုံးစွဲထားသည့်ကွန်ပျုတာမဆိုလျှင်taskmanagerခေါ်ပြီး

endprocessပေးလိုက်လျှင်တောင်မရနိုင်တော့ပါ။ထို့အတွက်အများကြီးသတိထားနိုင်ကာမှ

တော်ကာကျမည်ဖြစ်ပါသည်။


From forward mail

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။