MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

အွန်လိုင်းပေါ်မှာ သီချင်းတွေ တင်ပြီး ပရိသတ်အသံကို နားစွင့်နေသူ မယ်လိုဒီ

လတ်တလော ထွက်ရှိထားတဲ့ “ပိုးဖလံ” ဇာတ်ကားဟာ မြန်မာဇာတ်လမ်းတွေထဲမှာ ပရိသတ်မြင်နေကျ ဇာတ်လမ်းပုံစံမျိုး မဟုတ်တဲ့ အတွက် ပရိသတ် တော်တော်များများ သဘောကျကြပါတယ်။ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးပြီး လူမင်း၊ မယ်လိုဒီနဲ့ ပြေဇင်တို့က သရုပ်ဆောင်ထား ကြပါတယ်။  ဇာတ်ကားတွေ ထပ်မရိုက်တော့တဲ့ မယ်လိုဒီကို “ပိုးဖလံ” ဇာတ်ကားကိုကြည့်ပြီး ပရိသတ်တွေ က နှမြောနေကြတဲ့အပေါ် “ဒီကားထဲမှာ အကြော်သည် တစ်ယောက်ပေါ့။ အကြော် သည်ဆိုတာ အပြင်မှာ လည်း မြင်ဖူးနေတာ ပါပဲ။ ဇာတ်ကားထဲမှာ အကြော်သည် တစ်ယောက် ပုံစံဝတ်စားပြီး သရုပ်ဆောင် ထားတာပါ။ အဓိကကတော့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်ကားထဲမှာ
အသက်ကြီးကြီးယာက်ျားနဲ့လက်ထပ်တယ်။ လက်ထပ်ပြီး နောက်ထပ် ယောက်ျားတစ်ယောက်
 နောက်လိုက် သွားတယ်ဆိုတော့ ဒီဇာတ်ရုပ်မှာ အဖြေမပါပါဘူး။ အဖြည်ပါရင်လည်း မယ်လိုဒီအတွက် ဖြစ်သွားမယ်လေ။ ဇာတ်အတွက် မဟုတ်တော့ဘူး။ အဓိကက ဇာတ်ကားထဲမှာ မယ်လိုဒီဆို တာမရှိဘူး။ အဲဒီဇာတ်ရုပ်ပဲ ရှိတာ ဆိုတော့ အဖြေလည်း  မလိုဘူး  ထင်တယ်လေ။ ပညာပေး ဇာတ်လမ်းလို့ ပြောရင်ရမလားဆို တာကတော့ ခံယူတဲ့လူ အပေါ်မှာပဲမူတည် ပါတယ်။ ဒီ ဇာတ်ကားကို ကြည့်ပြီး ဆင်ခြင်လို့ ရသလို တချို့ကျတော့လည်း အပြုသဘော နဲ့ကြည့်တဲ့ လူတွေရှိသလို အပြစ်သဘောနဲ့ ကြည့်တဲ့လူရှိတယ်။ ဒီဇာတ်လမ်းအပေါ်မှာ ဇာတ်လမ်းနဲ့ ပီပြင်အောင် လုပ်နိုင် မလား ဆိုတာကိုကြည့်ပြီးပဲ မျိုးကရွေးချယ်တယ်။ ဒီကားကိုကြည့်ပြီး Facebook က သူငယ် ချင်းတွေကတော့ ကောင်းတယ်ပြန်ရိုက်ပါပေါ့။ မျိုးကတော့ ရုပ်ရှင်ရိုက်ဖို့ အစီအစဉ် မရှိပါဘူး” လို့ “ပိုးဖလံ” ဇာတ်ကားနဲ့ ပတ်သက်ပြီး ပြောပါတယ်။ တစ်ကိုယ်တော်အခွေကို ကြိုးစား လုပ်နေတယ်ဆိုတာကြားထားရ တဲ့အတွက် သီချင်းပိုင်းကို ဘယ်လိုအား ထုတ်နေသလဲဆိုတဲ့အပေါ်ကိုလည်း မယ်လိုဒီက “လောလောဆယ် မျိုးဘာမှ ဆက်မလုပ် ဖြစ်သေးဘူး။ Online ပေါ်က နေပဲ ပရိသတ်တွေ နားထောင်ဖို့တင်ပေးတယ်။ အခွေထုတ်ဖို့တော့ အစီအစဉ်မရှိ သေးဘူး။ ဘာလို့ လဲဆိုတော့ ဘယ်လိုမှပိုက်ဆံ ပြန်မရ နိုင်တဲ့အလုပ်ကို စဉ်းစား ဦးမှာ ပေါ့နော်။ အဲဒီ အတွက်ဝါသနာအရ သီချင်း ဆိုတယ်။ Facebook ပေါ်မှာ သူငယ်ချင်းတွေ နားထောင်ဖို့ တင်ပေး တယ်။ သူတို့က ကောင်း တယ်၊ မကောင်းဘူးပြန် ပြောတယ်။ လောလော ဆယ်တော့ ဒီလောက်နဲ့ပဲ မျိုးကျေနပ်တယ်” လို့ သီ ချင်းပိုင်းနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောပြပါ တယ်။
ဝဿန်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။